အမရပူရမြို့နယ်ရှိ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) နွေစပါးစံကွက်ရိတ်သိမ်း၊ စပါးအစို (၁၄၆) တင်းကျော် ထွက်ရှိ
မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသည် နိုင်ငံတော်ကချမှတ်ထားသည့် ညွှန်ကြားချက်များနှင့်အညီ မိုးစပါး တစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိရေး၊ နွေစပါးတစ်ဧက တင်း (၁၂၀) အထက် ထွက်ရှိရေးအတွက် စံပြကွက်များ ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊ ကွင်းအမှတ် (၅၈၀)၊ ဦးပိုင်အမှတ် (၁၅က/၁) တောင်သူဦးစောကိုသိန်း၏ (ရွှေသွယ်ရင်) စံပြစိုက်ခင်းကို ရိတ်သိမ်းရာ နွေစပါးအစို (၁၄၆) တင်းကျော် ထွက်ရှိကြောင်း သိရသည်။