၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်ခဲ့သော အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ကြီးကြပ်သင်ကြားပေးသော ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်မှ ကျောင်းသား ကျောင်းသူများအားဆုချီးမြှင့်ခြင်း၊ ကြီးကြပ်သင်ကြားပေးသော ဆရာ ဆရာမများအား အမှတ်တရလက်ဆောင်ပစ္စည်းများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ (စုပေါင်းရုံး)ဝန်းအတွင်းရှိ အင်ဂျန်းယန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန (ရှေ့တန်းရုံး) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ်၌ “လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ” အခမ်းအနား ကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနအနေဖြင့် လူငယ်များကိုအနာဂါတ်တွင် နိုင်ငံ့သားကောင်းများဖြစ်လာစေရေး၊ နိုင်ငံတော်၏လူ့စွမ်းအား အရင်းအမြစ်များဖြစ်သောလူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်စေရေးနှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြည်နယ် လူငယ်ရေးရာ‌ကော်မတီမှကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့နံနက်(၁၁)နာရီတွင် ပညာရေး‌ဒီဂရီ‌ကောလိပ်၌ “လူငယ် ရေးရာအသိပညာပေးဟောပြောပွဲ” အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

လူငယ်များ၏ ရွှေရောင်မနက်ဖန်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က နတ်သျှင်၊ ရွှေဂူ ရေးသားထားသော “လူငယ်များ၏ ရွှေရောင်မနက်ဖြန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အ.ထ.က(ခွဲ)ကမ်းကြီးကျောင်း၌ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ဓမ္မသော်)တွင် လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက အထက(ဓမ္မသော်)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မြစ်ကြီးနားမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ် စာစောင်များနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲ ဆက်လက်ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ အသိ ပညာ ဗဟုသုတကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ၊ စာအုပ်စာစောင်များနှင့် အားကစားပစ္စည်းများ လှူဒါန်းပေးအပ်ပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်၉ နာရီခွဲအချိန်က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိနှစ်ခြင်းအသင်းတော်ကျောင်း ဟောခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲအချိန်က ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂေါ်ဖီထုပ်ဈေး ကောင်းလာသောကြောင့် တောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်တောင်ပိုင်း၌ ဂေါ်ဖီထုပ်ကို ရွာငံ၊ ပင်းတယ၊ ကလောနှင့် ပင်လောင်းမြို့နယ်တို့တွင် အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးရာတွင် မိုးကြို၊ မိုးလယ်၊ မိုးနှောင်းနှင့် စိုက်ပျိုးရေ လုံလောက်သော နေရာများ၌ နွေအခါ ရေသွင်းစနစ်ဖြင့် စိုက်ပျိုးကြကြောင်း သိရသည်။

(၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ် စွမ်းရည်ပြိုင်ပွဲများပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်၊ နေ့ထူး နေ့မြတ်များကို အစဉ်အမြဲ အောက်မေ့အမှတ်ရစေရန်နှင့် စာအုပ်စာပေများမှ ရရှိသော စာပေ၏ အကျိုးကျေးဇူးအကြောင်းများ သိရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၌ မိုးစပါးစိုက် တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် တောင်သူလယ်သမားများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေး၊ လူမှုစီးပွားဘဝ တိုးတက်လာစေရန်နှင့် လယ်သမားကဏ္ဍ ဖွံဖြိုးတိုးတက်လာစေရန် အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါးစိုက်တောင်သူများအား မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဇုတ်သုတ်ကျေးရွာရှိ နည်းပညာ ပြန့်ပွားရေစင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to