မူဆယ်မြို့၊ လူနေရပ်ကွက်များအတွင်း ခြင်အန္တရာယ်ကင်းရှင်းရေးအတွက် ပရဟိတအသင်းအဖွဲ့များက ခြင်နိုင်ဆေးများပက်ဖြန်း
မိုးရာသီကာလတွင် ခြင်မှတဆင့်ဖြစ်တတ်သော သွေးလွန်တုပ်ကွေးရောဂါနှင့်အခြား ခြင်မှတဆင့် ကူးစက်သော ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်ရေး အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများရှိ ခြင်ပေါက်ဖွားနိုင်သော ရေဝပ်သည့်နေရာများ၊ ခြင်ခိုအောင်းနိုင်သောချုံနွယ်များကို ပရဟိတအသင်းအဖွဲ့များက ခြင်နိုင်ဆေးများကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံပက်ဖြန်းလျက်ရှိပါသည်။