ကျောက်တန်းမြို့နယ်၊ ခေတ်မီစံပြကန်ပြောင်ကျေးရွာတွင် စိုက်ပျိုးရေးအသေးစားချေးငွေ၊ ပညာရေးနှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် (SMART Village)ခေတ်မီစံပြကျေးရွာ ထူထောင်ရေး စီမံကိန်းအား ကန်ပြောင်ကျေးရွာ အုပ်စု၊ ခေတ်မီစံပြကန်ပြောင် ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဥ်(၆)ရပ်အနက် တောင်သူအသိပညာပေး ဟောပြောပွဲနှင့်မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို ကျောက်တန်းမြို့နယ်၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးအသေးစားချေးငွေ၊ ပညာရေးနှင့်မီးဘေးအန္တရာယ် ကာကွယ်ခြင်း အသိပညာပေး ဟောပြောပွဲ အခမ်းအနားကိုဇူလိုင်လ (၆)ရက် နေ့နံနက် ၁၀ နာရီတွင် ကန်ပြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရအသင်းများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ပြည်ထဲရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်ပြိုင်ပွဲနှင့် ဆုရအသင်းများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမ္မာန် တော်ကြီး၌ကျင်းပပြုလုပ်ခဲ့သည်။

ကေ့ာကရိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်း စတင်ဆောင်ရွက်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ခရိုင်/မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား Biometric Data ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းလုပ်ငန်း စတင် ဆောင်ရွက်သည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က ကေ့ာကရိတ်မြို့ ဒေါနခန်းမ၌ ကျင်းပသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များအတွက် ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးနှင့် လူငယ်အချင်းချင်း အသိပညာ၊ ဗဟုသုတ နှီးနှောဖလှယ်နိုင်စေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေး ပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ယနေ့နံနက်(၉)နာရီ၌ လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်သည်။

တောင်တွင်းကြီးမြို့ နယ်ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာကျောင်းသား၊ ကျောင်းသူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ်ကျောင်းသား၊ ကျောင်း သူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ယနေ့နံနက် (၉) နာရီက လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့သည်။

ပင်းတယမြို့နယ်အတွင်းရှိ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်း သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံက် ၉ နာရီက အခြေခံပညာ အထက်တန်း ကျောင်း (ကြိုသက်)၌ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်ဗုဒ္ဓဘာသာအသင်း၏ စီစဉ်ဦးဆောင်မှုဖြင့် ယဉ်ကျေးလိမ္မာသင်တန်းကို အဆိုပါတက္ကသိုလ်၊ ဓမ္မာရုံ၌ ဇူလိုင်လ ၅ ရက်မှ စတင်ပြီး ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယင်းမာပင်မြို့ရှိ (ခ)ရပ်ကွက်၊ ဝန်ထမ်းအိမ်ရာများနှင့် အမှတ်(၂) အခြေခံပညာ အလယ်တန်း ကျောင်းခွဲတို့တွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တာလေမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယမန် နေ့မွန်းလွဲ ၁ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့နယ်တွင် လောကပါလဘာသာပေါင်းစုံ လူမှုကူညီရေးအသင်းနှစ်ပတ်လည် အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ် ဆရာတော်ကျောင်းဦးဉာဏိက အခန်း၌ ယမန်နေ့မွန်းလွှဲ(၂)နာရီ အချိန်က နမ့်ဆန်မြို့နယ်လုံးဆိုင်ရာ လောကပါလ ဘာသာပေါင်းစုံ လူမှုကူညီရေးအသင်း နှစ်ပါတ်လည် အစည်းအဝေးပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to