မုဒုံမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်း ဖွင့်လှစ်
မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအိတ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နိုင်လှုံကျေးရွာရှိ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပြုလုပ်သည်။