ကာလိမြို့ အ.မ.က (လွိုင်ချို) ကျောင်း၌ Mobile Library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား Mobile Library    စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်က အခြေခံမူလတန်း (လွိုင်ချို) ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ဝန်ထမ်းများအား Biographic Data နှင့် Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဝန်ထမ်းများအား အီလက်ထရောနစ်စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၁၉)ရက်နေ့မှ စတင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိ နေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိ နေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် မောင်တော ဇူလိုင် ၇ သက်လွင်စိုး

မူဆယ်မြို့ရှိ ခရိုင်လေ့ကျင့်ရေးဘောလုံးကွင်း အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်

လူငယ်လူရွယ်၊ ကျောင်းသား/သူများနှင့် ဒေသခံတိုင်းရင်းသားအားကစားမောင်မယ်များ ညီညာပြန့်ပြူးပြီး ပိုမိုကောင်းမွန်သော ဘောလုံးကွင်းတွင် ကစားရသည့်အတွက် ဘောလုံးစွမ်းရည်နှင့် အရည်အချင်းများ တိုးတက်ပြောင်းလဲလာစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေရှိ ခရိုင်လေ့ကျင့်ရေး ဘောလုံးကွင်းအား အဆင့်မြှင့်တင်ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

ကျောက်ဆည်မြို့နယ်တွင် သစ်တောပြုန်းတီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုများသုံးစွဲရေး အသိပညာပေးဟောပြောပွဲနှင့် မီးဖိုများအခမဲ့ဖြန့်ဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် သူငယ်တော်ကျေးရွာဓမ္မာရုံတွင် ယနေ့နံနက်(၁၀)နာရီက သစ်တောပြုန်တီးမှုလျော့နည်းစေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး ထင်းအစားအခြားလောင်စာသုံးမီးဖိုးများသုံးစွဲရေး အသိပညာပေးဟောပြောပွဲနှင့် မီးဖိုများအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦး​စော​ပြည့်စုံဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာများအရောက် ကွင်းဆင်း၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် သဲကုန်းမြို့နယ်၊ ရွာမအုပ်စု၊ ရှားတောဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံမှ မိုးစပါးလျာထားဧက (၂၉၉၀)ဧကအတွက် ပျိုးထောင်ရေများ ပေးဝေ

ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ မန်းချောင်းရေလှောင်တမံဆည် ရေသောက်ဧရိယာများတွင် မိုးစပါးစိုက်ပျိုးရန် လျာထားဧက(၂၉၉၀)ဧကအတွက် စတင်ပျိုးထောင်စိုက်ပျိုးနိုင်ရန် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဆည်ရေပေးဝေလျက်ရှိကြောင်း ငဖဲမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

မင်းလှမြို့၌ မိုးသီးနှံစိုက်ပျိုးစရိတ်ထုတ်ချေးမည့် တောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ မိုးသီးနှံစိုက်ပျိုး စရိတ်ချေးမည့် တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ယနေ့နံနက် ၈ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to