စုကလိမြို့တွင် ပြောင်းစိုက်နေ့စားခများ ယခင်နှစ်ထက် ပိုမိုရရှိ

စုကလိမြို့သည် ဒေသတွင်းလုပ်ငန်းအဖြစ် တောင်ယာစိုက်ပျိုးခြင်းကိုအဓိကထား လုပ်ကိုင်ကြသော မြို့ဖြစ်သည်။ တောင်ယာစိုက်ပျိုးခြင်းအဖြစ်၊ အစေ့ထုတ် ပြောင်း၊ ငရုပ်၊ ပီလောပီနံ စိုက်ပျိုးခြင်းများအား နေ့စားခများဖြင့် စိုက်ပျိုးလုပ်ကိုင် ဆောင်ရွက်ကြသည်။

ပင်လောင်းမြို့၌ Biometric ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ရုံးမှဝန်ထမ်းများ ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းတွင် ကျောင်းသား/သူများအား UID နံပါတ် ထုတ်ပေးနိုင်ရေး  Biometric  အချက်အလက်များ ကောက်ယူလျက်ရှိကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ်(၃)စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး(တွဲဖက်သင်)အထက်တန်းကျောင်းတွင် အာဟာရမြင့် တိရစ္ဆာန်အစာ မြက်စိုက်ခင်း လက်တွေ့သရုပ်ပြ ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ မွေးမြူရေးဘာသာရပ်သင်ကျောင်းသားများ၏ အာဟာရမြင့် တိရစ္ဆာန်အစာ မြက်စိုက်ခင်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့မွန်းလွှဲ ၃ နာရီအချိန်က အမှတ်(၃) စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး(တွဲဖက်သင်) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး၊ စိုက်ပျိုး၊ မွေးမြူရေးသင်တန်းကျောင်းမှ ဘာသာရပ်ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

လားရှိုးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တောင်သူပညာပေးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တောင်သူပညာပေးသင်တန်းကို ယမန်နေ့ နံနက်ပိုင်းက လားရှိုးမြို့နယ်၊ စဉ့်အင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။

ငဖဲမြို့နယ်၌ အစားထိုးသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကော်ဖီမျိုးစေ့၊ ပျိုးပင်နှင့် ချည်မျှင်ချည်ဝါတိုးချဲ့စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ဝါမျိုးစေ့နှင့်သွင်းအားစုပစ္စည်းများထောက်ပံ့ပေးအပ်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ် အစားထိုးသီးနှံဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကော်ဖီမျိုးစေ့၊ ကော်ဖီပျိုးပင်နှင့် ချည်မျှင်ချည်ဝါတိုးချဲ့ စိုက်ပျိုးမည့်အကျိုးဆောင်တောင်သူများအတွက် ဝါမျိုးစေ့နှင့် သွင်းအားစုပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပုဗ္ဗသီရိမြို့နယ် အ.ထ.ကခွဲ မင်္ဂလာဒီပ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ မင်္ဂလာဒီပရပ်ကွက်အတွင်းရှိ အထကခွဲ မင်္ဂလာဒီပ၌ ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနား ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် ၁၀ နာရီက ဗဟန်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေနန်ယန်ခန်းမ၌ ကျောင်းသား၊ ကျောင်းသူ ၆ဝဝ ခန့်အား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မ​အူချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၁၀) သိန်း ငါးမျိုးစိုက်ထည့်ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန လှော်ကားငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန် ငါးလုပ်ငန်း စခန်းမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မအူးချောင်းအတွင်းသို့ ငါးသားဖောက်ကောင်ရေ (၁၀) သိန်းအား ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကြံခင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်းတိုးတက်ထွက်ရှိရေး သစ်စိမ်းမြေဩဇာ ( ပိုက်ဆံလျှော်) ထည့်သွင်းခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက်  သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဇီးပင်ကွင်းကျေးရွာအုပ်စု၊ တောင်သူဦးကျော်စိုး၏ ကွင်းအမှတ်(၇၀)၊ ဦးပိုင်အမှတ်(၁၁၉) ရှိ  လယ်မြေ(၃.၀၀)ဧကတွင် ကျင်းပခဲ့သည်။

အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ် (Abate) ဆေးခတ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းနှင့် ကျောင်းကျန်းမာရေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ် (Abate) ဆေးခတ်ခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to