ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရန် မိုးနှမ်းသီးနှံ စိုက်ပျိုးခြင်းအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများက မိုးသီးနှံစိုက်ပျိုးရာသီချိန်တွင် ဒေသတွင်း စားသုံးဆီဖူလုံ ပိုလျှံစေရေးအတွက် ရည်ရွယ်၍ မိုးနှမ်းသီးနှံစိုက်ပျိုးခြင်းကို မေလအတွင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ကြိုးပမ်းစိုက်ပျိုးခဲ့သဖြင့် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးစီးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။