လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk show) ကျင်းပ

ကျောင်းသားလူငယ်များအား ပညာရေးနှင့်ပတ်သက်သည့် အသိပညာများ ပိုမိုသိရှိနိုင်ရန်အတွက် “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး (Talk show) တင်ဆက်ခြင်းကို ယမန်နေ့က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြန်/ဆက်ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၊ နယ်စပ်ဒေသဂန္ဓာရီပရဟိတ လူငယ်သင်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ ညနေ ၃ နာရီအချိန် နယ်စပ်ဒေသဂန္ဓာရီပရဟိတ လူငယ်သင်တန်းကျောင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်အောင် ၂ ရက်ကွက်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များအား ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့သည်။

မင်းဘူးမြို့၌ အခြေခံစားသောက်ကုန်းများကို သက်သာဈေးနှုန်းဖြင့် ရောင်းချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံလူတန်စား အိမ်ထောင်စုဝင်များ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ကားကြီးကွင်းရှေ့၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအားရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်၌ ယမန်နေ့နံနက် (၈) နာရီအချိန်မှ စတင်ကာ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to