ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အကြို အထိမ်းအမှတ်အဖြစ် အာဇာနည်နေ့ ဒို့မမေ့ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို မာဂဓီသာစည်ဘုန်းတော်ကြီးသင် ပညာရေးမူလတန်းလွန်ကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

ကျုံပျော်မြို့တွင်  ပြည်သူများထံသို့ စားသုံးဆီများ  ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် စားသုံးဆီများ ဈေးနှုန်းချို သာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ခရုရိုးကျေးရွာတွင် ယမန်နေ့နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စပါးစိုက်ခင်းတွင် ငါးမျိုးစေ့များ ထည့်သွင်းမွေးမြူနေမှု၊ စပါးပျိုးပင်များ ပျိုးထောင်ထားရှိမှုနှင့် ကြိတ်ခွဲ(တာဝန်ခံ) ဆန်စက်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင်(၂)ဦးသန်းဦးနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သက္ကယ်ချောင်းကျေးရွာအုပ်စု ဦးခင်ဇော်၏ စပါးစိုက်ခင်းတွင် ငါးခူမျိုးအကောင်(၅၀၀၀) စိုက်ထည့်၍ ငါးစပါးမွေးမြူမှုအား သွားရောက်ကြည့်ရှု့ကာ ငါးသားပေါက်များ ကြီးထွားမှုနှုန်းမြင့်မားရေးအတွက် လိုအပ်သောအဟာရဓာတ်များ ကျွေးမွေးနိုင်ရေး၊ သားပေါက်များ အလေအလွင့် မရှိစေရေးအတွက် အထူးဂရုစိုက်ရန် မှားကြားသည်။

ရှမ်းရွာသစ်မြို့၌  သဘာဝအလျောက်ထွက်ရှိသော ရာသီစာမှိုများရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ သရေဖိုးခွီးကျေးရွာရှိ ဒေသနေ ပြည်သူအများစုသည် မိုးဦးကျကာလတွင် တောတောင်များနှင့် မိမိတို့၏နေအိမ်ခြံဝင်းများ၌ သဘာဝအလျောက် ထွက်ရှိသော ရာသီစာမှိုများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

ကသာမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဆိုင်ရာအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ တိုင်းရင်းဆေးဆိုင်ရာအသိပညာပေး Talk Show အစီအစဉ်ကို ဇူလိုင်လ ၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌  မူလတန်းဆင့် အသက် ၁၂နှစ်အောက် မိုးရာသီ ဘောလုံးပြိုင်ပွဲဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပေါင်းတည်မြို့နယ်၌ ၂၀၂၃-၂၀၁၄ ပညာသင်နှစ်၊ အခြေခံပညာကျောင်းပေါင်းစုံ၊ မူလတန်းဆင့် မိုးရာသီဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့နံနက် ၈နာရီက မြို့နယ် ပြည်သူ့အားကစားကွင်းတွင်ကျင်းပသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး (Talk Show) ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန် ရည်ရွယ်၍ (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ပုသိမ်ကြီးမြို့နယ် အုန်းချော အ.ထ.က ကျောင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနက အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ စာသင်ကျောင်းများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် အန္တရာယ်ကြုံတွေ့ပါက လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး၊ ယမန်နေ့နံနက် ၁၀ နာရီက အုန်းချော အ.ထ.ကကျောင်းရှိ ပင်မခန်းမဆောင်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to