နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၇၆)နှစ်မြောက်အာဇာနည်နေ့တွင် အာဇာနည်ခေါင်းဆောင် ကြီးများ အားရည်စူး၍ အမျှပေးဝေခြင်းနှင့် ဆရာတော်သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဆရာတော် သံဃာတော်ကြီးများကိုပင့်ဖိတ်၍ နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်ခေါင်းဆောင်ကြီး များအားရည်စူး၍အမျှပေးဝေခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။