မိုင်းခုတ်မြို့၌ ဒေသထွက် သစ်သော့သီးများစျေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ဒေသထွက်သစ်သော့သီးများ စျေးကောင်းရ၍ မိသားစု အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဝမ်ဝိန်းရပ်ကွက်မှ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချသူ ဒေါ်နန်းနွန်းထံမှ သိရသည်။