ကန့်ဘလူမြို့နယ်တွင် ကြက်ဥ၊ ကြက်သား ဖူလုံစွာစားသုံးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ကြက်ခြံများသို့ ကွင်းဆင်းစစ်ဆေး

ဒေသတွင်း စားနပ်ရိက္ခာများ ဖူလုံပိုလျှံစွာ မွေးမြူထုတ်လုပ်နိုင်ရေး၊ ကြက်ဥ၊ ကြက်သားများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် တိုးတက်မွေးမြူနိုင်ရေးတို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၅)ရပ်ကွက် (မြို့ပြင်)ရှိ ကြက်ခြံများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာမြတ်လင်းတို့က ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် မိုးရာသီစိမ်းလမ်းစိုပြေရေး၊ သဘာ၀ပတ်၀န်းကျင် သာယာလှပစေရေး၊‌ ရေကန်‌ဘောင်စိမ်းလမ်းစိုပြေရေး တို့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဦးဆောင်၍ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို အစိုးရကန်ဘောင်ပေါ်တွင် ယနေ့ နံနက် ၇ နာရီခွဲအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မက်မန်းမြို့နယ်တွင် အမျိုးသမီးအခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးအခြေခံစက်ချုပ်သင်တန်းကို မက်မန်းမြို့ရပ်ကွက်(၁)တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေး ရောဂါကာကွယ်ရေး အသိပညာပေး Talk Show ကို ယမန်နေ့ညနေ ၃ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် အများပြည်သူများမိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက  အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေး(Talk Show)ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း (၉) ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၉)ရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

ကေ့ာကရိတ်မြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၁း၀၀)နာရီချိန်က ဒေါနခန်းမ၌ မြို့ပေါ်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကံမမြို့နယ်၌ အခြေခံစားသောက်ကုန်ပစ္စည်းများအား ပြည်သူများထံသို့ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် သရက်ခရိုင်၊ ကံမမြို့နယ်၌ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်ကို ယနေ့နံနက်(၆)နာရီခွဲက အမှတ်(၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရှံးရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှင့် Grade-12 သင်ရိုးသစ်ဆင့်ပွားသင်တန်း (ဒုတိယ)ပတ် ဆက်လက်သင်ကြားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ရိုးသစ်ဖြင့် သင်ကြား သင်ယူလုပ်ငန်းများဆောင်ရွက်မည့် Grade-9 နှင့် Grade-12 ကျောင်းသား/သူများအတွက်၊ ထိရောက်သော သင်ယူမှုများ စဥ်ဆက်မပြတ်ရရှိစေရန်နှင့် Grade-9 နှင့် Grade-12 တန်းပြ ဆရာ/မများ၏ ဘာသာရပ်အလိုက်သင်ကြားမှု အရည်အသွေးများကို ထပ်ဆင့်မြှင့်တင်ပေးရန်

ကန့်ဘလူမြို့၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9 နှင့် Grade- 12 သင်တန်းဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် သင်ရိုးသစ် Grade- 9နှင့် Grade- 12 သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီကကျင်းပကြောင်း သိရသည်။
Subscribe to