မြိတ်မြို့တွင် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်းဆင်းပြီး သင်တန်းသားများ အအေးခန်းစက်ရုံ လက်တွေ့ သင်ကြားလေ့လာ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ခရိုင်ငါးလုပ်ငန်းအဖွဲ့ ချုပ်ရုံးတွင် ဖွင့်လှစ်ခဲ့သော အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် အသိပညာပေးသင်တန်း (၁/၂၀၂၃) ကို ယမန်နေ့က သင်တန်းဆင်းပြီး သင်တန်းနည်းပြများနှင့် သင်တန်းသားများ အအေးခန်းစက်ရုံသို့ လက်တွေ့သင်ကြားလေ့လာခဲ့ကြသည်။

ဘုတ်ပြင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့အတွင်း အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်က မြို့ပေါ်ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အထူးပြု ဘာသာရပ်ပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို ဇူလိုင်လ ၇ ရက် ညနေ ၃ နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံအားကစားရုံခန်းမတွင် ကျင်းပသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး ကျောင်းအကျိုးပြု စု​ပေါင်းသန့်ရှင်း​ရေး ​ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း ကျောင်းသား၊ ​ကျောင်းသူများ စိတ်​အေးချမ်း​မြေ့စွာပညာသင်ကြားနိုင်​ရေးအတွက် ကျောင်းပရဝုဏ်များ ​စိမ်းလန်းစို​​ပြေ​စေရေးနှင့် သန့်ရှင်းသာယာလှ​ပ​မှုရှိ​စေရေး အ​လေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး​အောင်ကြည်သိန်း၊ အ​ရှေ့​တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊

စဉ့်ကူးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ကော့သောင်းမြို့တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲ အခမ်းအနားပြုလုပ်

သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာ သက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော်(၅) ရက်၊ ဇူလိုင်လ(၇)ရက်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ဗိမာန်တော်ကြီးတွင် ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးဌာနမှ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် ရွတ်ဖတ်ပူ‌ဇော်ပြိုင်ပွဲ အခမ်းအနားကိုကျင်းပ ပြုလုပ်ခဲ့ရာအဆိုပါ အခမ်းအနားသို့ မြို့နယ်သံဃနာယက ဆရာတော်များ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်နှင့် ခရိုင်၊ မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများ၊ ဝတ်ရွတ်အသင်းတို့ တက်ရောက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျား/မအခြေပြုအကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။

မင်းပြားမြို့နယ်၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသည့် ဗိုလ်မှူးချုပ်ခင်ဇော် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်အားပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ​မင်းပြားမြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှုး၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈) နာရီအချိန်က အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ကျင်းပပြုလုပ်သည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ခွဲအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဗုဒ္ဓသာသနာတော်ထွန်းကာပြန့်ပွားရေးနှင့် ပါဠိအသံထွက် မှန်မှန်ကန်ကန်ရွတ်ဖတ်ပူဇော် တတ်စေရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ခွဲအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
Subscribe to