နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတက်ရောက်ခြင်းနှင့် ဇမ္ဗူသီရိမြို့နယ်အတွင်း စည်ပင်သာယာရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တို့အတွက် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ရာဇသင်္ဂဟလမ်း (ကမ္ဘောဇဘဏ်(၅)အနီး) မြေနေရာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်ဦးတင်ဦးလွင်နှင့်ဇနီး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်ဇနီးများ၊