မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်လောကသားများ၏ သားသမီးများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမိုးမြေပဲအား သတ်မှတ်လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်ဒေသတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ ဒေသခံတောင်သူများက ဆီထွက်သီးနှံ မိုးမြေပဲအား သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ မီးဘေးသင့် အိမ်ထောင်စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့လှူဒါန်းသည့် ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သွားရောက်ပေးအပ် လှူဒါန်း

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်၊ က္ကုစ္ဆာသယ(၂)လမ်းရှိ ​နေအိမ်တစ်အိမ်တွင် ယခုလ ၇ ရက်​နေ့နံနက်ပိုင်းက မီးကြွင်းမီးကျန်မှတစ်ဆင့် မီး​လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ရေနံချောင်းတက္ကသိုလ် လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီက ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ရေနံချောင်းတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ရေနံချောင်းတက္ကသိုလ်၊ ပတ္တမြားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရေနံချောင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ မိုးစပါးအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးဆွေးနွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မိုးစပါးအထွက်နှုန်း တိုးတက်ရေး တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝမ်ဘိုးကျေးရွာ အနီးရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ မိုးစပါးစံပြကွက်စိုက်ကွင်း၌ ကျင်းပသည်။

မိုင်းတုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် လူမှုဝန်ထမ်းဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် လူငယ်တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီ ၃၀မိနစ်အချိန်က လူငယ်စကားဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက် ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း ဓာတ်အားခွဲရုံအား သွားရောက်စစ်ဆေး ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ အထကလက်ဝဲဒက်ပုဇွန်ချောင်းကျောင်း၌ ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ စစ်သည်ရဲမေများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ အမှတ်(၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်

နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေး သမဝါယမအသင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)  ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများက မကွေးတိုင်းဒေသကြီးအဆင့် ဓမ္မစကြာနှင့်အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ မြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဝိဇယရံသီ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to