မလှိုင်မြို့နယ်၌ ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) အစီအစဉ်ဖြင့် (E-FrEE) မီးဖိုများ အခမဲ့ ထောက်ပံ့ပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် ကိုရီးယားသမ္မတနိုင်ငံ Climate Change Center (CCC) အစီအစဉ်ဖြင့် စွမ်းအားမြှင့် မီးဖိုအမျိုးအစား Environmental Friendly Energy Efficient Cook Stove (E-FrEE) မီးဖိုများ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲကို ဖျောက်ဆိပ်ကျင်းကျေးရွာအုပ်စု၊ သဲကျွန်းကျေးရွာ၌ ယမန်နေ့ညနေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။