စက်မှုထုတ်ကုန်နှင့် အထည်အလိပ်၊ အဝတ်အထည်ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

ပြည်တွင်းရှိ စက်မှုထုတ်ကုန်၊ အထည်အလိပ်၊ အဝတ်အထည် ပစ္စည်းများ ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် ယမန်နေ့(၉)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံအထည် ချုပ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ပုသိမ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်

ပုသိမ်မြို့တွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက် ပုသိမ် ဇူလိုင် ၉ ခရိုင် (ပြန်/ဆက်)

မအီမြို့တွင် ၂၀၂၃- ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၈)နာရီက မအီမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့အထွေထွေအုပ်ချုပ်ရေးရုံးခြံဝင်း မြေကွက်လပ်တွင် ကျင်းပခဲ့သည်။

ရပ်စောက်တွင် မိုးစပါးစိုက်ပျိုးမည့် ရောင်ခြည်ဦး စိုက်/ထွေသမဝါယမ အသင်းမှအသင်းသားများအား သွင်းအားစုဓါတ်မြေဩဇာများ သွားရောက်ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်အတွင်းရှိ ရောင်ခြည်ဦးစိုက်ပျိုးထုတ်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်မှအသင်းသားများအား မြို့နယ်သမဝါယမအသင်းစုမှ သွင်းအားစုများပေးအပ်ခြင်းကို ယမန်နေ့က ယမ်းတွင်းငကြောင်ကျေးရွာအုပ်စု၊ ရောင်ခြည်ဦးကျေးရွာ၊ အသင်းရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများအား ပြည်သူ့များထံ ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နဲ့အညီပန်းခင်း(၂)စီမံချက်ဖြင့် ဝန်ထမ်းများအားအဖွဲ့များခွဲကာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရပ်ကွက်/ကျေးရွာများဖြစ်သော ထောင်တလုတ်ရပ်ကွက်နှင့် ရွာသာကြီးရပ်ကွက်တွင် ပြည်သူ့များအား နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်ကုတ်မြို့နယ်၌ မိုးစပါးတစ်ဧကတင်း(၁၀၀) အထွက်နှုန်းရရှိရေး စံပြကွက်‌ ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးတစ်ဧက တင်း (၁၀၀) အထွက်နှုန်းရရှိ‌ရေး စံပြကွက် ဘောင်ပျိုးမျိုးစေ့ချ ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကင်းတောင် စံပြကျေးရွာရှိ ကွင်းအမှတ်(၅၉-ဃ)၊ ဦးပိုင်အမှတ် (၇၃/၂၊၇၃/၂) ရှိ တောင်သူ ဦးမျိုးဝင်းပါ (၂)ဦး၏ လယ်မြေ၌ ကျင်းပပြုလုပ်သည်။

ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေသုံးစွဲသူတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်း အခမ်းအနားကျင်းပ

ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစု​ကျေးရွာတွင် လျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ ရေသုံးစွဲသူတောင်သူများနှင့် တွေ့ဆုံညှိနှိုင်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးဆောင်ရွက်မှုအား လက်တွေ့ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉၄) စက်မှုလယ်ယာစခန်းနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက် ၉နာရီက သဲကုန်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ ကွင်းအမှတ် (၉၈၈)ရှိ တောင်သူ ဦးစိုးနိုင်၏ စိုက်ကွင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့တွင် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် ၄ မိုင်ရပ်ကွက်ရှိ တောင်သူပညာပေးစင်တာတွင် ပြုလုပ်ခဲ့ရာ ပြန်လည် ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများရှိ တောင်သူများထံသို့ စရိတ်မျှပေးအတိုးနှုန်း သက်သာစွာဖြင့် မျိုးစပါးနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်း၊ အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် ၄ မိုင်ရပ်ကွက်ရှိ တောင်သူပညာပေးစင်တာတွင် ပြုလုပ်ခဲ့ရာ ပြန်လည် ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to