တောင်ငူမြို့၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များပေးအပ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံလုပ်သားတစ်ဦး၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရ သေဆုံးခြင်းအတွက် ကျန်ရစ်သူမိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုရယူမည့် တောင်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ သွင်းအားစုရယူမည့် တောင်သူများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ညောင်ဦးမြို့နယ် ဖီးကြမ်းငှက်ပျောစိုက်တောင်သူများ ဈေးကောင်းရ၍ အဆင်ပြေ လျက်ရှိ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ကျေးရွာအုပ်စု ကျေးရွာများမှ ဖီးကြမ်းငှက်ပျော စိုက်တောင်သူများ ဖီးကြမ်းငှက်ပျော ထွက်သလောက် ရောင်းချနေရခြင်းကြောင့် ဖီးကြမ်းငှက်ပျောမျိုး စိုက်ပျိုးသည့် ငှက်ပျောခြံစိုက်တောင်သူ များပြားလာကြောင်း သရက်ကုန်းကျေးရွာ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူ ဦးကျော်စိုးထံက သိရသည်။

ကန့်ဘလူမြို့ ၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

ကန့်ဘလူမြို့ ၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ကန့်ဘလူ ဇူလိုင် ၉ အောင်ဝင်းငြိမ်း (ကန့်ဘလူ)

ညောင်တုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး‌ကော်မတီ၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ‌အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော အမှတ်(၇)ရပ်ကွက်၊ တိုက်သစ်လမ်းကွန်ကရစ်ခင်းခြင်း(အပိုင်း-၂)လုပ်ငန်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရသေ့တောင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် မိုခါမုန်တိုင်းသင့်ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများ အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ်အဖြစ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်းစီးပျောက်ဆုံးခဲ့သော ပြည်သူများ၏ အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကပ်ပြားများ အခမဲ့လုပ်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံးအတွင်း ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ပါဝင်ခဲ့ကြသည်။

အစိုးရ စက်မှုလက်မှုသိပ္ပံ (တောင်ငူ)၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) ကျောင်းစုဝေးခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ)တို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်စကားဝိုင်းကျင်းပခဲ့သည်။

တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲတော် ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ခရိုင်သစ်တောဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) (GTI) ကျောင်းတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၉)နာရီအချိန်က အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ငူ) (GTI) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
Subscribe to