တန့်ယန်းမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့မှ ပန်းဝါသနာရှင်များအတွက် ပန်းအလှပြင်သင်တန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ကြီးမှူး၍ ပန်းဝါသနာရှင်များအတွက် ပန်းအလှပြင်ဆင်ခြင်းသင်တန်းကို ဇူလိုင်လ ၇  ရက်နေ့က အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြား လေ့ကျင့်ပေးခဲ့သည်။

နမ့်ဆန်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးပညာပေး ဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းကျန်းမာရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အခြေခံ ပညာအထက်တန်းကျောင်း(အ.ထ.က-၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ ချည်မျှင်ရှည်ဝါစိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ် ကွက်များ ဧရိယာအတွက်မျိုး စေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါစိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ်ကွက်များဧရိယာအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တာလေမြို့၌ ဒေသထွက် ဒညင်းသီးခူးဆွတ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ရိုင်၊ တာလေမြို့နေ ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုအခါ ရာသီပေါ်  ဒေသထွက် ဒညင်းသီးများ ခူးဆွတ်ရောင်းချချိန်ရောက်၍ ဒညင်းသီးစိုက်ပျိုးရောင်းချသူ ဒေသခံပြည်သူများ မိသားစုအပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ဒေသဖွံ့ဖြိုးရေး အသိပညာ ဗဟုသုတ ရရှိရေး အသိပညာပေး ဟောပြောပွဲနှင့်ကျန်းမာရေး စောင့်ရှောက်ပေး

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ကျေးလက်နေပြည်သူများအား ဒေသဖွံ့ဖြိုးရေး အသိပညာ ဗဟုသုတရရှိရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေး​​​ဖြင့် (အခမဲ့)ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် လုံးကျေး ရွာစု ခရမ်းကျွမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ငလက်ကျ၊ ရေအေး၊ ကျမောင်း၊ ခရမ်းကျွမ်းကျေးရွာများမှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအသိ ပညာပေးလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

မင်းလှမြို့၌ ချည်မျှင်ရှည်ဝါစိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ် ကွက်များ ဧရိယာအတွက်မျိုး စေ့ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ရှည်ဝါ စိုက်ပျိုးဧရိယာတိုးချဲ့ခြင်း၊ မျိုးစေ့ထုတ်စံပြကွက် စမ်းသပ်ကွက်များဧရိယာအတွက် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club) အမျိုးသမီးအသင်း(Women Club)တို့ ပူးပေါင်း၍ Online Shopping နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသည့် အချက်များအား အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် မြန်မာစာစွမ်းရည်တိုးတက်မြင့်မားလာစေရေးအတွက် ဇူလိုင်လ(၁၉)ရက် နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက မင်းလှအခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင်  ယနေ့နံက် ၁၀ နာရီအချိန်က မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာလိမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် (၀၉း၀၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် ပူးပေါင်း၍ စာရေးဆရာ မောင်ကျေးဇူး ရေးသားထားသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to