ရွာငံမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေ ပေးအပ်

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ​ဒေသ၊ ရွာငံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက အ.မ.က (လွန်) မကြီးထုံး ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်များ ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။

မောက်မယ်မြို့နယ်၌ရာသီပေါ်မှိုမွေးရောင်းချသူများစျေးကောင်းရ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ရာသီပေါ်ငှက်စွတ်မှိုနှုတ်ယူရောင်း ချသူများ မှိုမွေး(၅)ပွင့်တစ်ခြင်းကို ငွေကျပ်၁၀၀၀နှုန်းဖြင့် ရောင်းချနေရပြီး စျေးကောင်းရ လို့အဆင်ပြေလျက်ရှိကြောင်း မှိုရောင်းချသူများထံမှသိရသည်။

ဟိုပုံးမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်း၊ ဖာလိုင်အခြေခံပညာမူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကို  ယနေ့နံနက် (၁၀:၃၀)နာရီက အမှတ်(၄)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မောက်မယ်မြို့နယ်အ.လ.က(ခွဲ) စျေးတန်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား/ကျောင်းသူလူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ

မိုင်းတုံမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး Bill Board အား အစားထိုးလဲလှယ်ခြင်းအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ နောင်ပါရင်ရပ်ကွက်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းရှေ့တွင် စိုက်ထူထားသော လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး Bill Board အား အစားထိုးလဲလှယ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မိုင်းတုံအခြေချစစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး၊ မိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်၊ မိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မို

နောင်ချိုမြို့နယ် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ယနေ့နံနက် ၁၀နာရီ အချိန်က အမှတ်(၄) အခြေခံပညာ မူလတန်းကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လဲချားမြို့နယ် (၇၆)နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (နောင်မိန်း)ကျောင်းတွင် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။

မက်မန်းမြို့နယ်တွင် ပန်းတိမ်မနိုင်ပန်းများ လှိုင်လှိုင်ပေါ်ချိန်ဈေးကောင်းရ၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင် ပန်းတိမ်မနိုင်ပန်းများ လှိုင်လှိုင်ပေါ်ချိန် ရောင်းဝယ်ရာ၌ ဈေးကောင်းရ၍ ပန်းစိုက်တောင်သူများ အပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
Subscribe to