ခရမ်းမြို့ပေါ် ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးခြင်‌ ဆေးဖျန်းခြင်း၊ ပိုးလောက်လန်းနှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများမှ ကာကွယ်နိုင်စေရန်၊ သွေးလွန် တုပ်ကွေးရောဂါမဖြစ်ပွား‌စေရန်နှင့် ရောဂါဖြစ်ပွားမှုမှ ကြိုတင်တားဆီးကာကွယ်နိုင်စေရန် ရည်ရွယ်၍ ခရမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၊ လူနေအိမ်များးတွင် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ခြင်ဆေးဖျန်းခြင်း၊ ပိုးလောက်လန်း နှိမ်နင်းခြင်း၊ အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၇ နာရီအချိန်၌ ခရမ်းမြို့‌ ပေါ်ရပ်ကွက်များဖြစ်သော အမှတ်(၁)ရပ်ကွက် ၊(၃)ရပ်ကွက်၊ (၆)ရပ်ကွက်၊ (၁၂)ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနဝင်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သန့်ရှင်းသာယာလှပရေး၊ ဆေးခန်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ ခြင်လောက်လန်းများ ပေါက်ပွားမှု မရှိစေရန်ရည်ရွယ်၍ ပေါင်းပင်၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို တိုက်နယ်ကျန်းမာရေးဌာနဝင်းတွင် ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ပလပ်စတစ် ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများ တိုးမြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများတွင် ပလပ်စတစ်ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျော့ချရေးအတွက် (Campaign) လှုံ့ဆော်မှုများကို ရက်သတ္တတစ်ပတ်လျှင် (သောကြာ၊ စနေ၊ တနင်္ဂနွေ)နေ့တို့တွင် ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

လွိုင်လင်မြို့တွင် ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၊ လွိုင်လင်ခရိုင် လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉:၃၀) နာရီက အဆိုပါရုံးခန်းမတွင် ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင် တက်ရောက်၍ သင်တန်းဖွင့် အမှာစကားပြောကြားပါသည်။

ရွှေပြည်သာမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်အတွင်းနိုင်ငံသားစိစစ်ရေးကတ်ပြားမပြုရသေးသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် အမှတ်(၂၇)ရပ်ကွက်ရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် Census Units ရေးဆွဲခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ အိမ်ထောင်စုလူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် Census Units ရေးဆွဲခြင်းကို ဇူလိုင် ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့၌ ရပ်စောက်မြို့နယ်နှင့် အင်တောမြို့နယ်ခွဲ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတို့တွင် အခြေပြု၍ ရေးဆွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၀န်ထမ်းစွမ်းရည်မြင့်မားရေး စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာန (Community Centre) ခန်းမတွင် ဇူလိုင် ၁၀ ရက်နံနက် ၁၁ နာရီက ၀န်ထမ်းစွမ်းရည်မြင့်မားရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ အခွန်လွတ်စျေးတွင် တစ်ပါတ်နှစ်ကြိမ် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အတွင်းရှိပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။

ဗန်းမော်မြို့တွင်ကို ဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌ အသက် (၅) နှစ်မှ အသက် (၁၂) နှစ်အထိ ကျောင်းသား၊ ကျောင်းသူများနှင့် အသက် (၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to