ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ဝါသီးနှံစိုက်ပျိုးရေး အားထားစိုက်ပျိုး လုပ်ကိုင်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် ဝါသီးနှံ(မိုး)ကို အားထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ကို အမှတ်(၅) အလတ်စား စက်ပြင်အလုပ်ရုံခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာမဒေါက်တာမတင်ဝင်း၏ အားပါတဲ့စေတနာစကားများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် (၁၀) နာရီ အချိန်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများ စတင်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် တောင်နဝင်းရေလှောင်တမံမှဆည်ရေများဖြင့် နှစ်စဉ်နွေစပါးနှင့်အခြားသီးနှံများကိုစိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနက သီးနှံစိုက်ပျိုးရန်အတွက် ဆည်ရေများကိုယခုနှစ်မတ်လဆန်းပိုင်းက စတင်ဖြန့်ဝေပေးပြီးစိုက်ပျိုးခဲ့ရာ ယခုအခါ နွေစပါးသီးနှံများစတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား

မိုင်းယောင်းမြို့နယ်၌ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးနည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား မိုင်းယောင်း ဇူလိုင် ၁၀ ဝေဝေခိုင်(ပြန်/ဆက်)

လက်ပံတန်း၌ လူကုန်ကူးမှုတာဆီးကာကွယ်ရေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အမှတ်(၂)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ်(သာယာဝတီ)မှ အမှတ်(၉)မြန်မာ့မီးရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူကုန်ကူးမှု တာဆီးကာကွယ်ရေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့မီးရထား လက်ပံတန်းဘူတာ၌ ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်ခဲ့သော ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း(ဆင့်ပွား)သင်တန်းဆင်းလက်မှတ်​ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက အခြေခံပညာအထက်တန်းကျောင်း(ပေါင်းတည်)ခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်တန်းမြို့နယ်၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်(Talk Show)ကျင်းပ

၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင်ကျရောက်မည့် “(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to