တိုက်ကြီးမြို့နယ်တွင် ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နဲ့အညီ ပန်းခင်း(၂)စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာနေ  ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကိုယမန်နေ့နံနက်ပိုင်းက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

MSMEs အထောက်အကူပြု ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက်သင်တန်းဖွင့်

ငါးမွေးမြူရေးလုပ်ငန်းအား ကျွမ်းကျင်တတ်မြောက်ပြီး အရည်အသွေးပြည့်မီသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဘားအံတက္ကသိုလ်၊ သတ္တဗေဒဌာနနှင့် ကရင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSME အထောက် အကူပြု  ငါးမွေးမြူရေးနှင့် ငါးဆေးထိုးသားဖောက် သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က ဘားအံတက္ကသိုလ် ဥတ္တရခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပဲစင်းငုံသီးနှံ ၅၂၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင်ဖြူမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အထွက်နှုန်းကောင်းမွန်ရေးအတွက် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ပဲစင်းငုံသီးနှံစိုက်ဧက ၅၂၃ ဧက လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ဒေသခံတောင်သူများက မေလဒုတိယပတ်က ရွာသွန်းခဲ့သည့် မိုးဖြင့် ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့အထိ မြေပြင်စိုက်ပြီး ဧက ၈၃၅ ဧက စိုက်ပျိုးဆောင်ရွက်ပြီးစီးပြီဖြစ်၍ သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

သုံးခွမြို့နယ်တွင် ၀န်ထမ်းနှင့်၀န်ထမ်းမိသားစုများအား ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းဆက်လက်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ဇီဝဆိုင်ရာ အချက် အလက်(Biometric)ကောက်ယူခြင်း လုပ်ငန်းများကို ဇွန် ၂၇ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉နာရီ ခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်(လဝက) ဦးစီးမှူး ဦးမင်းသူနှင့် ဝန်ထမ်းများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းတာဝန်ခံ ဗိုလ်ချုပ် သောင်းထိုက်ရွှေသည် ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် (၉) နာရီ အချိန်က မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက် သက္ကျမာန်အောင်ဘုရားအနီးတွင် ကျင်းပသော  မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့တွင် သွေးလွန်တုပ်ကွေး ရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှိမ်နင်း​ရေးလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အာဇာနည်နေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပသည်။

ကျောက်တလုံးကြီးမြို့တွင် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာ မောင်မင်းစိုးရေးသားသော “လူငယ်နဲ့လူမှုရေးလူငယ်လမ်းညွှန်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ (၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်သည်။

လှည်းကူးမြို့နယ်တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေး နည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ ပြုလုပ်နည်း သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိကာ မိသားစုဝင်ငွေများ တိုးပွားလာစေရန် ရည်ရွယ်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကြောင်း အထောက်အကူပြု စိုက်ပျိုးရေး နည်းပညာပေးခြင်းနှင့် မြေသြဇာလက်တွေ့ ပြုလုပ်နည်းသင်တန်းကို ရဲမွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နံနက် ၁ဝ နာရီက ဖွင့်လှစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးလက်စည်ပင်သာယာဈေးများ၌ ပလတ်စတစ်မသုံးစွဲရနေ့ သတ်မှတ်ထားရှိမှုအား ဈေးသူဈေးသားများ လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းသက်သာစေရန်ရည်ရွယ်၍ ကျေးလက် စည်ပင်သာယာဈေးများ၌ ပလတ်စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိပြီး အရှိန်အဟုန်မပျက် စစ်ဆေးဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့က ယနေ့နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် ကျောင်းတော်ရာကျေးရွာရှိ ကျေးလက် စည်ပင်သာယာဈေးများသို့သွားရောက်ပြီး ဈေးရောင်းဈေးဝယ်သူများ သတ်မှတ်စည်းကမ်းချက်အား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to