ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေးနှင့် စားသုံးသူ​ဘေးအန္တရာယ်ကင်းရှင်း​​စေ​ရေး ကွင်းဆင်းစစ်​ဆေး

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေးနှင့် စားသုံးသူ​ဘေးအန္တရာယ်ကင်းရှင်း​စေ​ရေး ယ​နေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်​ဆေးခဲ့သည်။

နွားမွေးမြူရေးလုပ်ငန်း ဆောင်ရွက်မည့်သမဝါယမအသင်းသို့ ပံ့ပိုးချေးငွေများထုတ်ချေးပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပေါင်မြို့နယ် တက်လန်းနွားမျိုးကောင်းမျိုးသန့် မွေးမြူရေးနှင့် ဝယ်ယူရောင်းချရေးလုပ်ငန်း သမဝါယမအသင်း လီမိတက်သို့ ပံ့ပိုးချေးငွေများထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ၊ ပြည်နယ်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ၊ ပေါင်မြို့နယ်သမဝါယမဦးစီးအရာရှိ အသင်းစုဥက္ကဌနှင့် တက်လန်းသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသားများ တက်ရောက်ခဲ့သည်။

အမရပူရမြို့အခြေခံပညာကျောင်းများတွင် ကြက်ခြေနီသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့တွင် ပညာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး အခြေခံပညာကျောင်းများတွင် ကြက်ခြေနီရှေးဦးသူနာပြုစုနည်း အခြေခံသင်တန်းကို ယမန်နေ့က စတင်ပြီး သင်ကြားလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးက ပြည်သူများစာဖတ်သည့် အလေ့အထများရှိလာစေရန်၊ စာပေကိုလက်လှမ်းမီစွာဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတများကြွယ်ဝလာပြီး အမှန်နှင့်အမှားကို ဝေဖန်ပိုင်းခြားတတ်စေရန်၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဥ်ဖြင့် စာအုပ်စာစောင်များကို ပြည်သူများလက်ဝယ်အရောက်သွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနသို့ သွားရောက်ငှားရမ်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်ဟောပြောပွဲကျင်းပခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.ထ.က (ဇင်းကျိုက်)ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက (ဂွ)စုရပ်၊ (ဆပ်သွား)စုရပ်နှင့် (ကျိန္တလီ)စုရပ် စသည့် စုရပ်ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကျိုက်ထိုမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ သွားရောဂါကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ရာပြည့်ခန်းမ၌ သွားရောဂါကျန်းမာရေးအသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ကျောက်တလုံးကြီးမြို့တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီမှ စတင်၍ အ.ထ.က ကျောက်တလုံးကြီးကျောင်း ဗန္ဓုလအဆောင်၌ ကျင်းပခဲ့သည်။
Subscribe to