ရွှေကူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများအား ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများ အန္တရာယ်လျော့ချရေး သရုပ်ပြရှင်းလင်းခြင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရွှေကူမြို့နယ်ကြက်ခြေနီအဖွဲ့ခွဲတို့ပူးပေါင်း၍ ပေါက်ကွဲစေတတ်သောစစ်ကျန်ပစ္စည်းများအန္တရာယ်လျော့ချရေး အသိပညာပေး သရုပ်ပြရှင်းလင်းခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီခန့်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

မြောင်းမြမြို့၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile   Library   Bus ဖြင့် ဌာနဆိုင်ရာများနှင့် ကျောင်းများအရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ အချိန်မကုန် လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ အဆင်ပြေပြေငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့အတွက် (Mobile Library  Bus) ဖြင့် ယနေ့နံနက်က ခရိုင်စိုက်ပျိုးရေးရုံး၊ စာရင်းစစ်ရုံး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ လေ့ကျင့်ရေး အလယ်တန်းကျောင်းနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်းပေးခဲ့ကြသည်။  

ကျုံပျော်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

ကျောင်းသား လူငယ်များ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မှတ်သားသိရှိနိုင်စေရန်အတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ဇူလိုင် ၁၀ နံနက် (၁၀)နာရီက ပြုလုပ်သည်။

မံစီမြို့နယ်၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(ကောင်ရာ)တို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို   ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ဗိုလ်မှူးချုပ် တင်ဆွေသည် မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သောကျေးရွာများရှိပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်းနှင့်  CHINA AID မှလှူဒါန်းသော စောင်၊ ခြင်ထောင်များ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မုန်တိုင်းဒဏ်ကြောင့် လေဘေးသင့်ခဲ့သောကျေးရွာများရှိပြည်သူများအား အိမ်ထောင်စုစာရင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားပေးအပ်ခြင်းနှင့် CHINA AID မှလှူဒါန်းသော စောင်၊ ခြင်ထောင်များအား ယမန်နေ့မွန်းလွဲပိုင်းက အင်းဒင်ကျေးရွာ ၊ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုများနှင့် ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများတူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများစုပေါင်း၍ မဟာဗန္ဓုလ လမ်းတစ်လျှောက် စုပေါင်းသန့်ရှင်း ရေးပြုလုပ်နေမှုများနှင့် ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းများ တူး ဖော်ဆောင်ရွက်နေမှုများ ဇူလိုင်လ ၈ ရက်နေ့၊ နံနက် ၇ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။

စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင် ပြုပြင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ကို အမှတ်(၅) အလတ်စား စက်ပြင်အလုပ်ရုံခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။

ကျောက်တော်​မြို့နယ်တွင် မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကွင်းဆင်းဆေး ကုသပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းဘေးဒဏ်ခံရသည့် ပြည်သူများအား တိုင်းရင်းဆေးဖြင့် (အခမဲ့) ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့​နေ့လည်ပိုင်းက မဟာကံကြီးရှင်ယာယီခုံလှုံရာစခန်းနှင့် ပိုက်သည်ရပ်ကွက်နေ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Subscribe to