ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေး/စာရေးကိရိယာများနှင့် ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန် များထောက်ပံ့ပေးအပ်၊ J2A အထည်ချုပ်နှင့် တံဆိပ်ရိုက်လုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး သန့်ရှင်းသာယာလှပလာစေကာ စနစ်ကျသော လူနေမှုပတ်ဝန်ကျင်ကောင်းများဖြစ်ပေါ်လာစေရေး ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသားသမီး ကျောင်းသား/ကျောင်းသူများအတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ဝန်ထမ်းများ အတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင်ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော် စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာတက်တိုးရေးသားထားသည့် “ဆောင်းပါးအထွေထွေ” စာအုပ်ဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၂၈)ဦး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်၍ ‌အသက် ၅ နှစ်ပြည့်ပြီး KG၊ အသက် ၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား First dose, Second Booster ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ထပ်ဆောင်းထိုးနှံနိုင်ခဲ့သည်။

လေးမျက်နှာမြို့နယ် ဘိသလွန်ကျေးရွာအုပ်စု ဘိသလွန်ကျေးရွာတွင် ပထမအကြိမ်မြစိမ်းရောင် ချေးငွေထုတ်ချေး

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘိသလွန်ကျေးရွာအုပ်စု ဘိသလွန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့နံနက်ပိုင်း၌ ပထမအကြိမ်အဖြစ် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခဲ့သည်။

သံတွဲမြို့၌ လူရည်ချွန် မနှင်းရွှေရည်၏ ဂျပန်နိုင်ငံ တိုကျိုမြို့သို့ သွားရောက်လေ့လာခဲ့သည့် အတွေ့အကြုံများရှင်းလင်းပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့မှဂျပန်နိုင်ငံတိုကျိုမြို့သို့ လေ့လာရေးခရီးသွားရောက်ခဲ့သည့် နှစ်ထပ်ကွမ်းလူရည်ချွန် မနှင်းရွှေရည်၏ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁ နာရီတွင် အ.ထ.က(ခွဲ)မြို့မ ကျောင်း၌ ကျင်းပသည်။
Subscribe to