သတင်းများ

မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ ယခင်နှစ်ကထက် အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိ
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ သီတက္ကန်(မြောက်)ကျေးရွာတွင် တစ်ပိုင်တစ်နိုင် ဆောင်ရွက်လျက်ရှိသည့် ထန်းမြူအိုးများ အရောင်းတွင်ကျယ်၍ ထန်းမြူအိုးလုပ်ကိုင်သူများ အဆင်ပြေလျက်ရှိကြောင်း သီတက္ကန်(မြောက်)ကျေးရွာမှ အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရာပြည့်နှစ်အထိမ်းအမှတ် “လူငယ်နှင့်စာပေ” စကားဝိုင်း ကျင်းပ
Feb 19,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ဇေယျာသီရိမြို့နယ်၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သည့် ရာပြည့်နှစ်အထိမ်းအမှတ် လူငယ်နှင့်စာပေစကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ တက္ကသိုလ် Auditoriumခန်းမ၌ ကျင်းပခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ရွှေစည်းခုံဘုရား ရှေးဟောင်းစောင်းတန်းနှစ်ခုအတွင်းနှင့် ရှစ်မျက်နှာဘုရားတို့တွင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Feb 19,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း ရွှေစည်းခုံဘုရားကြီး တောင်ဘက်ရှေးဟောင်းစောင်းတန်းနှစ်ခုအတွင်းနှင့် ရှစ်မျက်နှာဘုရားတို့တွင် ယမန်နေ့ နံနက် ၇ နာရီအချိန်က ညောင်ဦး ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးခဲ့သည့် (မြေပဲ၊ နှမ်း၊ နေကြာ)ဆီထွက်သီးနှံစုံ ၂၃၂၉၇ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူသီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ဆီထွက်သီးနှံစုံဧက ၃၃၈၅၁ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ပြီး ယနေ့အထိ ဆီထွက်သီးနှံစုံဧက ၂၃၂၉၇ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။
တိုက်ရိုက်မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲ မြန်အောင်မြို့နယ် လဟာပေါက် ကျေးရွာတွင်ပြုလုပ်
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် လဟာပေါက်ကျေးရွာအုပ်စု လဟာပေါက်ကျေးရွာ ကွင်းအမှတ် ၂၃၉ ခ ၊ ဦးပိုင်အမှတ် ၁၇၈/၅ ဦးသန်းဇော်မိုး၏ လယ်မြေ၌ ယနေ့ နံနက်က တိုက်ရိုက်မျိုးစေ့ချ ကိရိယာ(Seeder)ဖြင့် နွေစပါးမျိုးစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပခဲ့သည်။
မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Feb 19,2024
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်က ရွှေဂူပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သည်။
သရက်မြို့၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂(နေ့စား) သင်တန်းဖွင့်ပွဲ ကျင်းပ
Feb 19,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂(နေ့စား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက  သရက်ခရိုင် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပရာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြီးကြပ်-၂(နေ့စား) သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
မိုင်းယောင်းမြို့တွင် မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေး ဩဝါဒခံယူပွဲကျင်းပ
Feb 19,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ကုက္ကိုလ်ပင်ကျေးရွာ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)တပ်ဦးကျောင်းတွင် တပို့တွဲလ မြို့နယ်လုံးကျွတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်နိုင်ရေးနှင့် ထမနဲထိုးပြိုင်ပွဲကျင်းပနိုင်ရေး ဩဝါဒခံယူပွဲကျင်းပခဲ့ကြောင်း သိရသည်။