သတင်းများ

တောင်သာမြို့နယ်တွင် ကုန်ထုတ်လမ်းဖောက်ရန် RTK စနစ်ဖြင့် ကွင်းဆင်းတိုင်းတာခြင်း ဆောင်ရွက်
Feb 19,2024
တောင်သာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေတောင်သူများ၏ ထုတ်ကုန်၊ ထွက်ကုန်များ စျေးကွက်သို့ လျှင်မြန်စွာ တင်ပို့နိုင်စေရန် ရည်ရွယ်၍ ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် အောင်ဇေဖြိုးကျေးရွာ ကုန်ထုတ်လမ်းအား ယနေ့ နံနက်ပိုင်းက RTK စနစ် အသုံးပြုသည့် စက်ကြီးဖြင့် ကွင်းဆင်းတိုင်းတာခြင်းအား တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ
Feb 19,2024
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဇော်ဝင်းကြူ(ပျဉ်းမနား)၏ သင့်စိတ်၏အံ့ဖွယ်စွမ်းအားများ စာအုပ်အား စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၉) နာရီက လူထုအခြေပြုဟိုဌာန သင်တန်းခန်းမတွင် ကျင်းပသည်။
မိတ္ထီလာမြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်း ဆောင်ရွက်
Feb 19,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဘွားများနှင့် ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်ကုသရေးဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေး ထိုးနှံပေး
Feb 19,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၇)နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်းများနှင့် ရုံးရပ်တောင်ရပ်ကွက် ဦးကင်းဘုရားဓမ္မာရုံတို့၌ ထို့နှံပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ မြန်အောင်မြို့နယ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 19,2024
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ယနေ့နေ့လည်က မြန်အောင်မြို့နယ်ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(မြို့နယ်အဆင့်)၊ အမှတ်စဥ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ
Feb 19,2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Feb 19,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယနေ့နေ့လယ် ၁ နာရီအချိန်က ဉာဏစွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထားဝယ်မြို့တွင် နွေရာသီအားကစား သင်တန်းများ ဖွင့်လှစ်မည်
Feb 19,2024
တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအားကစားသင်တန်းများကို (၂၁-၂-၂၀၂၄) ရက်နေ့မှ (၁၅-၃-၂၀၂၄) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။