သတင်းများ

ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေး
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ် - ၁၉ ကာလအတွင်း စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေ လျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကုစားပေးနိုင်ရန်အတွက် ကျေးရွာ (၁၃) ရွာရှိ မိသားစုဝင်များ ဝင်ငွေရရှိစေရန် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ Cash for Work စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းများဆောင်ရွက်
Aug 12,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာ၌ ပြည်သူများ လာရောက်ကြည့်ရှု နိုင်ရန်နှင့် ပြည်သူများ၏ မဲပေးပိုင်ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် စစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းကစ၍ ထန်းတပင်မြို့နယ် သီရိရတနာခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့တွင် ကုန်စည်များ၌ ကုန်ညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် ဖော်ပြရန် သတ်မှတ် ထားသည့်အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/ မရှိ စိစစ်ဆောင်ရွက်
Aug 12,2020
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားများ မြန်မာဘာသာဖြင့် သတ်မှတ်ထားသည့် အချက်အလက်များ ဖော်ပြထားရှိမှု ရှိ/မရှိ ကို
ကျိုင်းလပ်မြို့တွင် Covid-19 စီးပွားရေးကုစားမှု CEPR အစီအစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ ငွေများပေးအပ်
Aug 12,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြိုတွင် Covid-19 စီးပွားရေး ကုစားမှု CEPR အစီ အစဉ်ဖြင့် မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက တာချီလိတ် ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ကော့ကရိတ်မြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ (၈၅၆) ဦး အောင်မြင် ဘာသာစုံဂုဏ်ထူးရှင် (၁) ဦးအပါအဝင် (၄)ဘာသာ၊ (၃)ဘာသာနှင့် ဂုဏ်ထူးရရှိသူ (၁၃၆) ဦးရှိ၊ အောင်ချက်ရာခိုင်နှုန်း (၂၈ဒသမ၅၆)ရာခိုင်နှုန်းရရှိ
Aug 12,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် အထက်တန်းကျောင်း (၉) ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁၅) ကျောင်းရှိပြီး၊ ၂၀၁၉- ၂၀၂၀ ပညာသင် နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ စုစုပေါင်း (၂၉၉၇) ဦး ဖြေဆိုခဲ့ရာ ကျား (၂၉၄) ဦး၊ မ (၅၆၂) ဦး၊ စုစုပေါင်း (၈၅၆) ဦး အောင်မြင်ခဲ့ပါသည်။
တကောင်းမြို့ အ.ထ.က ကျောင်းဝန်းအတွင်း RC (၂) ထပ် ကျောင်းဆောင်သစ် တည်ဆောက်မှု (၆၀) ရာခိုင်နှုန်းပြီးစီး
Aug 12,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ အ.ထ.က ကျောင်းဝန်းအတွင်း ၂၀၁၉-၂၀၂၀ ဘဏ္ဌာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းများ ယခုအခါ (၆၀) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာနှစ်ရွာအား ကိုဗစ်-၁၉ ကာလ ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီရန်ပုံငွေများထုတ်ချေးပေး
Aug 12,2020
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသောကျေး ရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ကျေးရွာနှစ်ရွာအားရန်ပုံငွေများ ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရွှေတောင်မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းကပ်ထားမှု အခြေအနေအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များမှလိုက်လံကြည့်ရှု
Aug 12,2020
ရွှေတောင်မြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ၈ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား