သတင်းများ

ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအတွက် စုပေါင်း ဝန်ထမ်း အိမ်ရာ(၇၈)လုံးမှ အခန်းပေါင်း ၅၁၀ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်
Dec 12,2021
ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ နေထိုင်မှုဘဝ အဆင်ပြေစေရေးအတွက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှ စုပေါင်းဝန်ထမ်အိမ်ရာ(၇၈)လုံး၊ အခန်းပေါင်း ၅၁၀ ခန်းကို တည်ဆောက်ပေးနိုင်ခဲ့ပြီး မြေနေရာရရှိမှုနှင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ပြည်နယ်အတွင်း နေရာဒေသစုံတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ နံနက် ၈ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ စုပေါင်းဝန်ထမ်းအိမ်ရာဖွင့်ပွဲ အခမ်းအနားမှ သိရသည်။
သရက်မြို့၌(၁၈)ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပေးအပ်ပွဲနှင့် (၈)ကြိမ်မြောက် မူလတန်း ထူးချွန် လူရည်မွန် စံပြဆုပေးပွဲ ကျင်းပ
Dec 12,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၁၈)ကြိမ်မြောက် မူလတန်း ပညာရေး ထောက်ပံ့ပေးအပ်ပွဲနှင့် (၈) ကြိမ်မြောက် မူလတန်းထူးချွန် လူရည်မွန်စံပြဆုပေးပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရုံးရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ငါ့သရောက်မြို့တွင် ရိုးရာခုံဖိနပ်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူများပြားလာ
Dec 12,2021
မန္တလေးတိုင်းဒေသကြီ၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် တောင်ယာလုပ်ငန်းများ သိမ်းဆည်းပြီး၊ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ရိုးရာခုံဖိနပ်လုပ်ငန်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်သူ များပြားလာပြီး၊ မိသားစုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း အဆိုပါ ခုံဖိနပ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။
ညောင်ရွှေမြို့နယ်အတွင်းရှိ စည်ပင်သာယာရေးဈေးများအတွင်း ရောင်းချလျက်ရှိသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျှက်ရှိ ဈေးရောင်းချသူပေါင်း (၁၀၅၀)ဦး ထိုးနှံပြီးစီး
Dec 12,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သည်ပင်သာယာရေး ဌာနပိုင်ဈေးများအတွင်း ရောင်းချလျက်ရှိကြသည့် ဈေးသည်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေးမြို့ မြသီတာဈေးတွင် မီးဘေးလုံခြုံရေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Dec 12,2021
မွန်ပြည်နယ်၊ ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက် မြသီတာဈေးတွင် ယနေ့ နံနက် ၉ နာရီက ရေးမြို့နယ် မီးသတ်ဦးစီးဌာနနှင့် ရေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဈေးမီးဘေး လုံခြုံရေးအတွက် ဇာတ်တိုက်လေ့ကျင့်မှုနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြပွဲ ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့နယ် စည်ပင်သာယာဈေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေးတို့အတွက် ပြင်ဆင်ဆောင်ရွက်ထားမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 12,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံမှုရှိစေရေး တို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားသည့် အခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
ထီးချိုင့်မြို့နယ် မြို့မစည်ပင်သာယာဈေး အတွင်း၊ အပြင်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ်ရေး နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ
Dec 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ယနေ့နံနက် (၈) နာရီအချိန်က မြို့မစည်ပင်သာယာ ဈေးအတွင်းအပြင်ရှိ ဈေးသူ၊ ဈေးသားများနှင့်
မုဒုံမြို့ တော်ကူးကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ‌နေ့ချင်းပြီး ကွင်းဆင်း ဆောင်ရွက်ပေး
Dec 12,2021
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရ ကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့ တော်ကူးကျေးရွာ ပြည်သူများ အား အဆိုပါကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ ကွင်းဆင်း ဆောင်ရွက်ပေးသည်။