သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် စူဠဘွဲ့နှင်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Jan 24,2022
၁၃၈၂ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲတွင် ဖြေဆိုအောင်မြင်တော်မူခဲ့ကြသော သံဃာတော်သာမဏေသီလရှင်တို့အား အောင် လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းပွဲမင်္ဂလာအခမ်းအနားကို ရန်ကုန်တိုင်း​​ဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အမှတ်(၅၃) ရပ်ကွက်ရှိ ​ဦးဘိုးလှဘုရား (အောင်ဇေယျုံသာသနာ့ ဗိမာန်တော်) ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့​ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမ၌ (၇၅)နှစ်မြောက် ရွှေရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ
Jan 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူး‌ပေါင်း၍ မြို့နယ်ရုံး Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ယနေ့နေ့လည် ၁၂ နာရီက မူလတန်းအဆင့် အားကစား ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ၌ နွေစပါးများ စံကွက်ရိတ်သိမ်း
Jan 24,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် နတ်စမ်းကျေးရွာ ကွင်းအမှတ်၊ ၅၈၄(ခ)ဦးပိုင် အမှတ်(၃၆/၁)ရှိ တောင်သူ ဦးမျိုးမင်းဟန်၏ မျိုးစေ့ထုတ် နွေစပါးဆင်းသုခ ဧက(၁၀)စိုက်ခင်းအတွင်း စံကွက်ရိတ်သိမ်းခြင်းကို ခေတ်မီစပါး ခြွေလှေ့စက်ဖြင့် ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မုဒုံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ပဲတောင့်ရှည်စိုက် တောင်သူများ မိသားစုအပိုဝင်ငွေရရှိ
Jan 24,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အနီးဝန်းကျင်တစ်ဝိုက်နှင့် ကျေးလက်ဒေသ များတွင် ပဲတောင့်ရှည် စိုက်တောင်သူများ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည်။
ငပု​တောမြို့နယ်၌ (၇၅)နှစ်​​မြောက် (စိန်ရတု)ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ရပ်ကွက်နှင့်​ကျေးရွာ​ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 24,2022
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ် အားကစားနှင့်ကာယပညာ​ကော်မတီမှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်​မြောက် (စိန်ရတု)ပြည်​ထောင်စု​နေ့ အထိမ်းအမှတ် အားကစားနှင့် ကာယပညာ​ကော်မတီ ဥက္ကဌဖလား အမျိုးသားအလွတ်တန်း ရပ်ကွက်နှင့်​ကျေးရွာ​ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ည​နေ (၃)နာရီအချိန်က ငပု​တောမြို့ ပမ္မဝတီဘောလုံး အားကစား ကွင်း၌ ကျင်းပပြုလုပ်သည်။
တာမွေမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Jan 24,2022
မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးရရှိစေရန်နှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုအရ လူဝင်မှုကြီးကြပ်​ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူ၍ ပန်းခင်းစီမံချက်
တောင်တွင်းကြီး၌ ကျေးလက်ဒေသနေ ပြည်သူများအတွက်(VDP) စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် သဲကောကျေးရွာတွင်း ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်
Jan 24,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ခြောက်လတာ ကာလအတွင်း ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်‌ဖော် ဆောင်ရွက်ပေးခြင်းကို စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် တောင်တွင်းကြီးမြို့နယ် အတွင်းရှိသဲ ကောကျေးရွာနေ ပြည်သူများ ရာသီမရွေး သွားလာနိုင်ရေးအတွက် ကျေးရွာတွင်း ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ
Jan 24,2022
ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာပေ ချစ်မြတ်နိုးသူအသင်း Book Club အဖွဲ့ဝင်တို့ ပူးပေါင်းပြီး ယနေ့ နံနက်(၁၀)နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏ “ပန်းလိုချင်အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။