ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Jan 24,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ထိန်းသိမ်းအပ်သည့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မကွယ်ပျောက်သွားစေရေး မြန်မာ့ဓလေ့ ထုံးတမ်းအစဉ်အလာများကို လိုက်နာပြီး မိမိတို့၏ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်မကွယ်အောင် ထိန်းသိမ်းတက်သည့် မြန်မာလူမျိုးများအနေအဖြင့် ဂုဏ်ယူဝင့်ကြွားနိုင်စေရေးအတွက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၂ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။