သတင်းများ

လသာမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Jan 25,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်
Jan 25,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ် ၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ၌ ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌  ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊  ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည်တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့ နံနက်ပိုင်းက  ပါထွန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ကော်မတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။
ငဖဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈) ဦးအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်ပြီးစီး
Jan 25,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၃)အုပ်စုမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၂၉၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့ နံနက်ပိုင်း က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ပြီးစီး ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Jan 25,2022
ကချင်ပြည်နယ်၊ တနိုင်းမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းစာကြည့်တိုက်၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုသည့်အလေ့အထဖြစ်စေရန်ရည်ရွယ် စာဖတ်စွမ်းရည်ပြုင်ပွဲ ကို ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လည်(၁)နာရီခွဲက ကျင်းပသည်။
ပန်းခင်းစီမံချက်ဆောင်ရွက်နိုင်ရေး နမ့်တောင်းဒေသ ကျေးရွာအုပ်စုများတွင်ရှေ့ပြေးစာရင်းများ ကောက်ယူလျက်ရှိကြောင်း သိရ
Jan 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ နမ့်တောင်းကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများ နိုင်ငံသားကတ်ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်လာရောက်ဆောင် ရွက်ပါ လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ရှေ့ပြေးစာရင်းကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် အခမဲ့ဆေးဝါး ကုသရေး ဖောင်ဒေးရှင်းမှ တနိုင်းမြို့နယ်အတွင်း လာရောက်ကုသပေး
Jan 25,2022
ကချင်ပြည်နယ် အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းမှ ဥက္ကဌနှင့်အဖွဲ့ဝင် (၁၅)ဦးတို့သည် တနိုင်းမြို့သို့ ဇန်နဝါရီလ(၂၂)ရက် ညနေ(၃)နာရီအချိန် ရောက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စိုးအား လာရောက်တွေ့ဆုံ၍ တနိုင်းမြို့နယ် သူရိယပန်းတိုင် လူမှုကူညီရေးအသင်းအတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ဖြစ်သည့် Mask ၊ PPEဝတ်စုံများ၊ Hand Spray ဆပ်ပြာရေ များ ပေးအပ်လှူဒါန်းခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် မြစ်အတွင်းရှိရေချိုငါးရရှိမှုနည်း၍ မွေးမြူရေးငါးများ အရောင်းသွက်လာ
Jan 25,2022
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတစ်ခုအဖြစ် ဧရာဝတီမြစ်နှင့်ယောချောင်းတို့တွင် ငါးဖမ်းရေ လုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြသော ဆိပ်ကမ်းသာရေလုပ်သားများအနေဖြင့် ရေချိုးငါးရရှိမှုနည်းပါး၍ ဈေးကွက်တွင် မွေးမြူရေးငါး (ရေခဲ) ငါးများ အရောင်းအဝယ်သွက်လာကြောင်းသိရသည်။