သတင်းများ

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်မျိုးရိုးဗီဇပြောင်းအိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Jan 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇ  ပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မန်မိုင်ရပ်ကွက်များတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နှင့်အလှမ်းဝေးပြီး သွားလာရန်ခက်ခဲသော တောင်ပေါ်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေး
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မြို့နှင့်အလှမ်းဝေးပြီး သွားလာရန် ခက်ခဲသော တောင်ပေါ်ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Phase-5) ဒုတိယအကြိမ် ကွင်းဆင်းထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၄ ရက်က ယန်းကောင်ကျေးရွာ အုပ်စုရှိ ဝမ်ယို့မိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနနှင့် ဆည်မကောင်ကျေးရွာဆေးထိုးစုရပ်တို့၌ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များနှင့် စျေးဆိုင်များအား မီးဘေးအန္တရာယ်ကင်းဝေးစေ ရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်တွင် ရေပေးရေးလုပ်ငန်းနှင့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jan 25,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂(၆)လ ဘဏ္ဍာရေး နှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့်  ဆောင်ရွက်လျက်ရှိသည့် ရေပေးရေးလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ် လမ်းတံတားလုပ်ငန်းများအား ယမန်နေ့နံက်ပိုင်းက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် online မှ တဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Jan 25,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ဒေါက်တာမေမွန်မှ ရေးသားထားသည့် လောဘကြီးတဲ့ပျားမလေး အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်း သိရသည်။
လသာမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ​ပေး
Jan 25,2022
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ယ​နေ့​နံနက်၉နာရီအချိန်က ဗိုလ်ချုပ်​အောင်ဆန်းလမ်းမ​ပေါ်ရှိ     အထက(၂)လသာကျောင်း၀င်းအတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ဆက်လက်ထိုးနှံပေးလျက်ရှိ​ကြောင်း သိရသည်။
ချီဖွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာ Talk Show ပြုလုပ်
Jan 25,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာနှင့် ပတ်သတ် ၍ ပြည်သူများသိရှိနိုင်ရန် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဇန်နဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ(Community Centre) ၌ ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌  ကျေးရွာဖွံဖြိုးရေး လုပ်ငန်းများဆောင်ရွက်နေမှုအား  ကြည့်ရှုစစ်ဆေး
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊  ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်သည်တာဝန်ရှိသူများလိုက်ပါလျှက် ယမန်နေ့ နံနက်ပိုင်းက  ပါထွန်ကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း(VDP) ကော်မတီဝင်များ၊ ကျေးရွာနေ ပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာခန်းမဆောင် တည်ဆောက်ခြင်းနှင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။