သတင်းများ

ကျိုက်လတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  ကျိုက်လတ်မြို့နယ်  မြန်မာ့စီးပွားရေးဘဏ်တွင် ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွက် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဇန်နဝါရီလ ၂၁ရက်နေ့နံနက် ၉နာရီ မှစ၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 25,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် စိတ်နှလုံးအေးချမ်းပါစေ  စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ နှလုံးသားယဥ်ကျေးမှုစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမ၌ (Woman Club) အဖွဲ့နှင့်(Youth Club) အဖွဲ့တို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီက စာရေးဆရာ ကျော်ဝင်းဟိန်း(ပခုက္ကူ)ရေးသားသည့် ''နုလုံးသားယဥ်ကျေးမှုစာစုများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jan 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ မြင်းခြံကျော်အောင် ရေးသားထားသော ကြီးပွား ချမ်းသာနည်းများစွာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်တုန်းမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အိုမီခရွန်မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါကို ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေ ရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန် အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်း ကို‌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၀နာရီ အချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။
မိုးကုတ်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုအထိမ်းအမှတ် ပြည်ထောင်စုနေ့အကြို စာအုပ်/စာစောင် ပြပွဲကျင်းပ ပြုလုပ်
Jan 25,2022
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် (၁၀) နာရီက ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် စာအုပ်/စာစောင် ပြပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လှိုင်းဘွဲမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ
Jan 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ကျောင်းသား/သူများအား ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နေ့လည်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ဆောင်ရွက်
Jan 25,2022
ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည် ဖွံဖြိုးတိုးတက်စေရန် မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အမှတ်(၉) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် စာအုပ်၊စာစောင်ပြပွဲ ဆောင်ရွက်ပေးသည်။