သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းဦးရေ (၁၁၄၁) ဦးအတွက်  ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ 
Jan 25,2022
မော်လမြိုင်ကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ဇန်နဝါရီလ (၂၁)ရက်နံနက် (၉)နာရီမှ စတင်ကာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်။ 
မြို့သစ်မြို့နယ်တွင် “ပန်းခင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ထောင်ကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်း တစ်ထောင်ကျော် ဆောင်ရွက်ပြီးစီး
Jan 25,2022
မကွေးခရိုင်၊ မြို့သစ်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက “ပန်းခင်းစီမံချက်ဖြင့် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ ၁၉ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား ခြောက်ထောင်ကျော်နှင့် အိမ်ထောင်စု လူဦးရေစာရင်း တစ်ထောင်ကျော် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jan 25,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်ရုံးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မဟာအောင်မြေမြို့နယ်ရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ကျိုက်လတ်မြို၌ (၇၅)နှစ်မြောက်ရွှေရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့် ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊မြို့နယ်ရုံးCommunity Centre ခန်းမတွင် ကျောင်းသား ၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များအကြောင်း သိရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြတ်စေရန်၊ စဉ်စားတွေးခေါ်မှု ကောင်းမွန်စေရန်များ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ ယနေ့ နံနက် ၁၀ နာရီက အသိပညာပေး ဟောပြောပွဲနှင့် ပန်းချီဆေးရောင်ခြယ် ပြိုင်ပွဲ များကျင်းပပြုလုပ်ခဲ့သည်။  
မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သောလမ်းရှိ တံတားတည်ဆောက်မှုအား ကြည့်ရှုစစ်ဆေး
Jan 25,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် မိုးနဲ-ကင်တုံကျေးရွာ ဆက်သွယ်သော လမ်းပေါ်ရှိ အရှည်ပေ ၄၀ရှိ သံကူကွန်ကရစ် တံတားတစ်စင်းကို လင်းခေးခရိုင် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၉၃ ဒသမ ၆၅၁ သန်းဖြင့် ဆုပြည့်စံဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်ဝိုင်းပြုလုပ်
Jan 25,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီ အချိန်က ကျောင်းသား /ကျောင်းသူများနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပ
Jan 25,2022
မိတ္ထီလာမြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်(omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် (omicron)ရောဂါပိုး ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် (၉)နာရီက အသိပညာပေး နှိုးဆော်ခဲ့သည်။