သတင်းများ

သထုံမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူရန် ဆောင်ရွက်နေ
Jan 25,2022
မွန်ပြည်နယ်၊ သထုံမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည့် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေစင်ရွှေပြား ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်။
မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံ ပေးလျက်ရှိ
Jan 25,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆဋ္ဌမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံဝန်းအတွင်း၌  ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လက်ဆက်ထိုးနှံပေး
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့၊ ကမ်းတောကျေးရွာ၌ အသက် (၁၈)နှစ်နှင့်အထက် ပြည်သူများ အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာအဖွဲ့ များဖြင့် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား/ သူများအား Phase - 5 Second Dose ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 25,2022
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အသက် (၁၂) နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ကျောင်းသား/ကျောင်းသူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန်ကျန်ရှိသူများအား ကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လောင်းလုံးမြို့နယ်၊ အ- ထ က ကမြောကင်းကျောင်း ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ငလျင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက် 
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့  မီးသတ်ဦးစီးဌာနတွင်  ယနေ့နံနက်  ၇   နာရီအချိန်တွင် ပြုလုပ်သည့်ငလျှင်ဘေးအန္တရာယ်နှင့် အခြားသောသဘာဝဘေးအန္တရာယ်များအတွက်ဇာတ်တိုက်လေ့ကျင့်မှုများကိုပြုလုပ်ခဲ့ကြသည်။ 
ဆားလင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ် ဆေးများ ဆက်လက်ထိုးနှံ
Jan 25,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆက်လက် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ငပု​တောမြို့နယ်၌ တရားရုံး အ​ဆောက်အဦသစ်​ ဆောက်လုပ်ရန် ပန္နက်​တော်တင်မင်္ဂလာ အခမ်းအနားကျင်းပ 
Jan 25,2022
ဧရာဝတီတိုင်း​ဒေသကြီး   ပုသိမ်ခရိုင်  ငပု​တောမြို့နယ်၌ တရားရုံးအ​ဆောက်အဦးသစ်​ဆောက်လုပ် ရန်  ​မြေ​နေရာပန္နက်​တော်တင် မင်္ဂလာအခမ်းအနားကို ယ​နေ့နံနက်  ၉ နာရီ ၃၀ မိနစ်အချိန်က ငပု​တောမြို့ ​တောင်ပိုင်းရပ်ကွက် မဂ္ဂင်လမ်းရှိ ယခင်တရားရုံး​မြေ​နေရာတွင် ပန္နက်​တော်တင်မင်္ဂလာ အခမ်းအနား  ကျင်းပ​ခဲ့ကြောင်းသိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sputnik light) (ရုရှား) ကာကွယ်ဆေးထိုးနှံပေး
Jan 25,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်း ကျဆင်းစေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို နေ့စဉ်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တောင်ပိုင်းရပ်ကွက်ရှိ မဟာသစ္စာကာရီ ဘုန်းတော်ကြီးကျောင်း၌ အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား (Sputnik light) (ရုရှား) ကာကွယ်ဆေး ကိုစတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။