သတင်းများ

ကျုံပျော်မြို့  မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် 
Jan 25,2022
ပြည်သူများမီးဘေးအန္တရာယ်ကြောင့် နစ်နာဆုံးရှုံးမှုမရှိစေရေး၊ ဈေးအတွင်းရှိ ကုန်စည်များမီးဘေး အန္တရာယ် ကျ‌ရောက်မှုမရှိစေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို  ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် မြို့မဈေးအတွင်း၌ ဇန်နဝါရီ ၂၅ ရက် ညနေ ၂နာရီခွဲအ ချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
လဲချားမြို့နယ် ပန်ဆန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့်‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်း ဆောင်ရွက်ပေး
Jan 25,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးကျော်စိုးမိုးနှင့် ဝန်ထမ်းများက ယနေ့ (၁၀)နာရီအချိန်က ပန်ဆန်းကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက် ပေးခဲ့​သည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 25,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထားဝယ်မြို့ရှိကုန်စုံဆိုင်များအားကွင်းဆင်း၍ကြည့်ရှုစစ်ဆေး
Jan 25,2022
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များ၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီ အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော် 
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ မြို့နယ်မဲဇလီကုန်းမြို့ပေါ်ရပ်ကွက်နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျော့နည်းစေရန်၊အများပြည်သူများ နေ့စဥ်မီးသုံးစွဲချိန်အားသတိရှိစေရန်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဇန်နဝါရီလ(၂၄)ရက်နေ့ည (၇)နာရီ အချိန်က မီးသတ်ကားဖြင့် မြို့ပေါ်ရပ်ကွက်(၃)ခုရှိလမ်းဆုံလမ်းခွနေရာများ၊လမ်းများတွင်လိုက်လံအသိ ပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဂွမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 25,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မူလတန်းကြိုကလေးငယ်များ၏ ကာယစွမ်းရည်နှင့် ဘက်စုံဖွံ့ဖြိုးမှုများ အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ မူလတန်းကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းက မီးသတ် ဦးစီးဌာနရှေ့ ကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့ နယ်တွင် SUPTINK LIGHT ကိုဗစ်ကာကွယ်ဆေး  စတင်ထိုးနှံပေး
Jan 25,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ဒေသခံပြည်သူများအား ယနေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထင်ဇော်၊ သူနာပြုဆရာမများနှင့် တာဝန်ရှိသူတို့က မြို့နယ်ပြည်သူ့ ဆေးရုံ၌ SUPTINK LIGHT ရုရှား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော် 
Jan 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း၌ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များကို ဇန်နဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီ အချိန်က  မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။