သတင်းများ

ပေါင်းတည်၌ မြို့နယ်အဆင့်၂၀၂၄ခုနှစ် ကျောင်းကျန်းမာရေးဆိုင်ရာ ဆန်းစစ်ခြင်းနှင့် အာဟာရကျွေးမွေးမှုဆိုင်ရာ လုပ်ငန်းဆွေးနွေး
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၂ နာရီက မြို့နယ်အဆင့် ၂၀၂၄ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆန်းစစ်ဆွေးနွေးပွဲနှင့် အာဟာရကျွေးမွေးခြင်းဆိုင်ရာ ဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 22,2025
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ လူကုန်ကူးမှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိ
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝ သဘောတရားကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ဆောင်းနှမ်း ဧက ၁၄၀၀၀ အနက် ဧက ၆၀၀၀ ကျော်ရိတ်သိမ်းပြီးစီး
Jan 22,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းနှမ်း ဧက ၁၄၀၀၀ ကျော်အနက် ဧက ၆၀၀၀ ကျော် ရိတ်သိမ်းပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေးဒရဲမြို့နယ်၌ ကာကွယ်ဆေးမထိုးနှံရသေးသည့်ကလေးများအား Big catch up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများ စတင်ဆောင်ရွက်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ရှိပြီး ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသည့် ကလေးများနှင့် အသက်အရွယ်အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးများ အကြိမ်ပြည့်မရရှိသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးအကြိမ်ပြည့် ရရှိစေရေးအတွက်  အသက်(၁)နှစ်မှ(၅)နှစ်အထိ ကလေးငယ်များအား Big catch up အမီလိုက် ကာကွယ်ဆေးများအား ယမန်နေ့ကစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့် တိုက်နယ်အုပ်စုအလိုက် စတင်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဒေးဒရဲမြို့နယ် Community Centre ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ စာပေ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ အခြေခံမူလတန်းအဆင့် မြန်မာစာစွမ်းရည်ပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ(၁)နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများဆောင်ရွက်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့ ဝေဠုဝန်ဆရာတော်မဟာဂန္တဝါစ​က​ပဏ္ဍိတဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့် ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး ဗုဒ္ဓပူဇနိယအနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစ​က​ပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏(၆၀)နှစ်ပြည့် ဝိဇာတမင်္ဂလာပွဲနှင့်ဝေဠုဝန်ပရိယတ္တိ သာသနာ့ဗိမာန်တော်ကြီး ကျောင်းရေစက်ချ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။