သတင်းများ

မြစ်သားမြို့နယ်တွင် ကောက်ရိုးထုံးစက်ကိရိယာနှင့် ရိုးပြတ်ဖြတ်စက်ကိရိယာများဖြင့် ကောက်ရိုးထုံးခြင်းနှင့် ရိုးပြတ်ဖြတ်ခြင်းများ တောင်သူပညာပေးသရုပ်ပြပွဲ ကျင်းပ
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေပေါ်ကျွန်းကျေးရွာ ကွင်းအမှတ် (၄၈၀)၊ ဦးပိုင်အမှတ်(၁၆)၊ တောင်သူ ဦးနှင်းအောင်ချမ်း၏ (၃)ဧက စပါးစိုက်ကွင်းတွင် မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)၊ စက်မှုလယ်ယာစခန်းမှ ဦးစီးကျင်းပသော ကောက်ရိုးထုံး စက်ကိရိယာနှင့်ရိုးပြတ်ဖြတ်စက်ကိရိယာများဖြင့် ကောက်ရိုးထုံးခြင်းနှင့်ရိုးပြတ်ဖြတ်ခြင်းများ တောင်သူ ပညာပေး သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အုတ်ဖိုမြို့နယ်ရုံး၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်းဖွင့်လှစ်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှကြီးမှူး၍ တိုင်းဒေသကြီးအလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် ဟင်္သာရွှေမြေသစ်သီးဝလံစိုက်ပျိုးရေးနှင့်တောင်သူလယ်သမားများ တိုင်းဒေသကြီး အလုပ်သမားအဖွဲ့အစည်းတို့ပူးပေါင်းပြီး ယမန်နေ့က အုတ်ဖိုမြို့နယ် မကျီးပင်ကျေးရွာ၌ မော်တော်ဆိုင်ကယ်အခြေခံပြုပြင်ထိန်းသိမ်းနည်းသင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။
မိတ္ထီလာမြို့နယ်အတွင်းမှအခြေခံပညာကျောင်း ၂၆၃ကျောင်းရှိ KG တန်း ကျောင်းသူ၊ ကျောင်းသား ၄၈၄၆ ဦးအား ကျောင်းတွင်းအာဟာရကျွေးမွေးမှု ဆောင်ရွက်
Jan 22,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်အတွင်းမှ အခြေခံပညာကျောင်းပေါင်း ၂၆၃ ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူကျောင်းသား ၄၈၄၆ ဦးအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကျောင်းတွင်းအာဟာရကျွေးမွေးမှုကို ယမန်နေ့က အ.ထ.က(၅) ရှမ်းတဲတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်းရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇန်နဝါရီလ (၅) ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာအုပ်စု (၂၄) အုပ်စု၊ တောင်သူ (၁၇၉၈) ဦးအားထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့လယ်ပိုင်းအချိန်က အမှတ်(၈)ရပ်ကွက်အတွင်း၌ ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၊ ကျောက်ပုံကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျောက်ပုံကျေးရွာ၌ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ရေရရှိရေး စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။
နတ်တလင်းမြို့၌ အသက် (၅) နှစ်အောက် ကလေးငယ်များအား Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ဆောင်ရွက်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၌ အသက် (၅) နှစ်အောက် ကလေးငယ်များကို Big Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယမန်နေ့လယ် (၁) နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှ ရပ်ကွက်ကျေးရွာများသို့ကွင်းဆင်းပြီး မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်
Jan 22,2025
ပွင့်လင်းရာသီကို ရောက်ရှိလာပြီဖြစ်ရာ မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနအနေနဲ့ မီးလောင်မှုအကြိမ်ရေနှင့် ဆုံးရှုံးမှုတန်ဖိုး လျော့နည်းကျဆင်းစေရန်အတွက် တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာ မြို့နယ်များအလိုက် ရပ်ကွက်ကျေးရွာ များသို့ကွင်းဆင်းပြီး မီးဘေးလုံခြုံရေး၊ ကြိုတင်တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်ဆေးခြင်း၊ သတိပေးခြင်း၊ သရုပ်ပြသခြင်း၊ ဇာက်တိုက် လေ့ကျင့်ခြင်းများကို လုပ်ဆောင်ပေးနေကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးထံက သိရသည်။