သတင်းများ

မိုင်းနောင်မြို့တွင် တည်ထားကိုးကွယ်သည့် နန်းခမ်းပဲစေတီတော် ထီးတော်တင်လှူပွဲကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် တည်ထားကိုးကွယ်သော နန်းခမ်းပဲစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယမန်နေ့ ညနေပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်/မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးနှင့် ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ခရိုင်/မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီ အစည်းအဝေးနှင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ချောင်းဆုံမြို့နယ်၌ ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး
Jan 22,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ သက္ကောကျေးရွာ၊ ကျိုက်သုတ်ကွင်း ကွင်းအမှတ်(၆၂၂)ရှိ ကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ် တည်ဆောက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာစာကြည့်တိုက်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည်။
မင်းလှမြို့၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jan 22,2025
ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် နှင့် မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ  ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသည့် ရောဂါကုသရေးဌာနတွင် တစ်ရက်လျှင် စုစုပေါင်းလူနာ ၂၀၀ မှ ၄၀၀ အထိ တိုးမြှင့်ကုသပေးနိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါအမျိုးသားကင်ဆာရောဂါကုသရေးဌာန၌ ကျင်းပပြုလုပ်သည့် ဓာတ်ရောင်ခြည်ဖြင့် ကင်ရောဂါကုသစက်များ (Linear Accelerators-LA) စတင်အသုံးပြုခြင်းအခမ်းအနားမှ သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြေကွက်ပိုင်ရှင်များအား မြေယာလျော်ကြေးငွေပေးအပ်
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(၁)မှ တာဝန်ယူတည်ဆောက်သည့်  ဆိပ်ကြီးခနောင်တို- ဒလတံတားသစ် တည်ဆောက်ခြင်းလုပ်ငန်း၏ တံတားစီမံကိန်းမြေ ဧရိယာအတွင်း ပါဝင်သွားသော ဆိပ်ကြီးခနောင်တိုဘက်ခြမ်းရှိ မြေကွက်ပိုင်များထံသို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဘာသာရပ် ပေါင်းစုံ(အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါ တက္ကသိုလ်၏ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
မိုင်းခုတ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ပေး
Jan 22,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ထွေ/အုပ်ရုံးနှင့် အ.ထ.က​ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။