သတင်းများ

ဒေးဒရဲမြို့နယ်၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသ
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက လေးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကျင်းပ
Jan 22,2025
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဌာနဆိုင်ရာများ၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်း၍ လူငယ်များဗလငါးတန်ပြည့်စုံပြီး ရရှိပြီးသားဗဟုသုတများ တိုးပွားရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး လူငယ်စကားဝိုင်းများ၊ နယ်လှည့်စာကြည့်တိုက်၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများကို ကျင်းပဆောင်ရွက်လျှက်ရှိသည်။
ကျောက်တလုံးကြီးမြို့ အ.မ.က ထီပြွန်ကျောင်းတွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပ
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ခြင်းအလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီက အ.မ.က ထီပြွန်ကျောင်းတွင် လူငယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲ ကျင်းပသည်။
National ICT Awards 2024 (Educational Project & Skills Competition) နောက်ဆုံးအဆင့် ပြိုင်ပွဲကျင်းပ
Jan 22,2025
ပညာရေးဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့ ပူးပေါင်းကျင်းပသည့် National ICT Awards 2024 (Educational Project & Skills Competition)နောက်ဆုံးအဆင့်ပြိုင်ပွဲကို  ဇန်နဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်နေ့ရက်များတွင် ရန်ကုန်မြို့၊ လှိုင်တက္ကသိုလ်များနယ်မြေရှိ MICT Park ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 22,2025
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသား/ကျောင်းသူ၊ လူငယ်များ အကျင့်စာရိတ္တကောင်းမွန်စေရေး၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝကာ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် “လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ”ကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က အိမ်ယာ အ.ထ.က (ခွဲ) ကျောင်းတွင် ကျင်းပသည်။
ရန်ကင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်
Jan 22,2025
လူငယ်ဟူသည် အနာဂတ်နိုင်ငံတော်၏ တန်ဖိုးထားအားကိုးရမည့် အဖိုးတန်အရင်းအမြစ်များ ဖြစ်သည့်အားလျော်စွာ လူငယ်ကဏ္ဍကို နိုင်ငံတော်မှ ဘက်ပေါင်းစုံမှ ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ရန်ကင်းမြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများ ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်အရာထမ်း၊ အမှုထမ်းများက စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ပါအကြောင်းအရာများဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လွိုင်လင်မြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး
Jan 22,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ထင်းရှူးတော၊ သဘာဝတရားရိပ်သာရှိ မူလတန်းလွန်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။