သတင်းများ

လိပ်သိုဒေသတွင် နနွင်းတက်များ တူးဖော်ရောင်းချ
Jan 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိစေရန် မိမိတို့၏တောင်ယာခင်းများနှင့် မြေလွတ်နေရာများတွင် နနွင်းစိုက်ခင်းများ တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော် လည်းကောင်း စိုက်ပျိုးထားကြရာ နနွင်းတက်များ တူးဖော်ရောင်းချလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင်ပညာရးစုံညီပွဲတော် အခမ်းအနားကျင်းပ
Jan 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား မကူးစက်နိုင်သော ရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုပေးခြင်းအစီအစဉ်အဖြစ် ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါ၊ အမြင်အာရုံများစစ်ဆေးပေးခြင်းကို ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေး  ကုသပေးခဲ့သည်။
မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး)ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်တက္ကသိုလ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပြေးခုန်ပစ် အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲများကို တက္ကသိုလ်အားကစားကွင်းတွင် ကျင်းပလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။
မြို့သစ်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စောင်ပြပွဲကို ယမန်နေ့နေ့လယ်ပိုင်းက မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေး
Jan 22,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ​အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများကို ယ​မန်နေ့နံနက်ပိုင်းမှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသည့် ဓါတ်မြေဩဇာဈေးနှုန်းများ
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးသီးနှံလယ်ယာမြေသုံး မြေဩဇာများရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးနှုန်းဈေးကွက် ရောင်းချနေမှုများအား အပတ်စဉ် စာရင်းကောက်ယူလျက်ရှိရာ မအူပင်မြို့ရှိ စိမ်းလန်းမြေစိုက်ပျိုးရေး အရောင်းဆိုင်၊ အလင်းရောင်း စိုက်ပျိုးရေးအရောင်းဆိုင်များမှ ရောင်းချနေသော ယူရီးယား (အာမို) ၁အိတ် ၉၃၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၁အိတ် ၉၇၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၁အိတ် ၉၉၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၁အိတ် ၁၃၄၀၀၀၊ ပုလဲ (ရွှေတောင်) တရုတ် ၁အိတ် ၁၀၅၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁အိတ် ၁၄၆၀၀၀ကျပ်၊ အာမို ပိုတက် ၁အိတ် ၁၃၀၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁အိတ် ၁၂၄၀၀၀ကျပ်၊ ကွန်ပေါင်း (ကောမတ်) (၁၅,၁၅,၁၅) (ဩဘာ) ၁အိတ်၊ ၁၂၆၀၀၀ကျပ်၊ ကွန်ပေါင်း (၁၈,၁၈,၁၈) ၁အိတ် ၁၅၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 22,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းဇာတ်တိုက်လေ့ကျင့်ခြင်းကို  ယနေ့နံနက် ၉ နာရီက ဆုမြတ်ပန်းတိုင် ကိုယ်ပိုင်အထက်တန်းကျောင်း၌ ပြုလုပ်သည်။