သတင်းများ

သံတောင်ကြီးဒေသထွက်လက်ဖက်ခြောက်များဈေးကောင်းရရှိ
Jan 22,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်မြို့ဖြစ်သည့်အားလျော်စွာ ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် စိုက်ပျိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ လက်ဖက်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာရေးဆရာများဖြစ်ကြသော လူခါး၊ ကိုစိုးထိုက်(ဖဒို)၊ ဟမ်စိုင်း(ဆေး-မန်း)၊ ချမ်းငြိမ်း(ဟံသာဝတီ)၊ ပီတိ(ပေကြီး)၊ စိမ့်စမ်းဖြူ(ဆေးတက္ကသိုလ်)၊ ဟေမာလွင်တို့ ရေးသားထားသည့် "လူငယ်နှင့်အောင်မြင်မှု ပန်းတိုင်ဆီသို့"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး
Jan 22,2025
သမဝါယမနှင့် ‌ကျေးလက်လမ်းဖွံ့ဖြိုးရေးဝန်ကြီးဌာန လဲချားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လဲချား-ဆီကုန်း-ဝမ်ဝေါင်-နားမန်း-ဟတ်လိလမ်း ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေးသည်။
ကျွန်းစုမြို့၌ ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up Immunization နည်းလမ်းဖြင့် အမီလိုက်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများဆောင်ရွက်
Jan 22,2025
တနင်္သာရီတိုင်း‌ဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို  Catch-up Immunization နည်းလမ်းဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးရှိ မူလတန်းကြိုကျောင်း၌  ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဆက်လက်ထုတ်ပေး
Jan 22,2025
ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို  မြန်မာ့စီးပွားရေးဘဏ်၌  ၂၁ ရက်နေ့တွင် စတင်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်းဆက်လက် ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ အသက် ၅နှစ်‌အောက်ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေး
Jan 22,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ယနေ့နံနက် ၉နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အသက် ၅ နှစ်အောက် ကလေးသူငယ်များအား ဗီတာမင်-Aနှင့် သံချဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးများ စဥ်ဆက်မပြတ် ဆောင်ရွက်
Jan 22,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း  မြို့အင်္ဂါရပ်နှင့်အညီ  စိမ်းလန်းစိုပြည်၍ သန့်ရှင်းသပ်ရပ်လှပစေရေးနှင့် သန့်ရှင်းသော မြို့ဖြစ်စေရန်ရည်ရွယ်၍  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ  ရပ်ကွက်များအတွင်းရှိ  လမ်းဘေးဝဲယာများတစ်လျှောက်  လိုက်လံ၍ နေ့စဥ် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
ဒိုက်ဦးမြို့နယ်၌ အသက်(၂)လမှ အသက်(၂)နှစ်‌အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်ခြင်း လုပ်ငန်းဆောင်ရွက်
Jan 22,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ အသက်(၂)လမှ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ ထိုးနှံပေး‌နေကြောင်း သိရသည်။