သတင်းများ

ကျိုင်းတုံမြို့၏  အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် မြေငလျင်လှုပ်ခတ်မှုကြောင့် လူနေအိမ် အချို့ ပျက်စီး
Jul 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၏ အရှေ့ဘက် ၁၈ မိုင်ခန့်အကွာတွင် ယမန်နေ့ ည ၁၁ နာရီ ၃၇ မိနစ်အချိန့်က ရစ်ချ်တာစကေး (၆.၁)အဆင့်ရှိ အင်အားပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်းသိရသည်။
တာမွေမြို့နယ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးထိုးနှံ
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ သီရိမင်္ဂလာဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်စေရန်အတွက်ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက တာမွေမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ (ဒုတိယအကြိမ်)အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  
ရေတာရှည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ် စိုက်ပျိုးခြင်း အခမ်းအနား ကျင်းပပြုလုပ်
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် ၄၈ ထွန်စက်စခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးများကွင်းပိတ်စိုက်ပျိုးခြင်း အခမ်းအနားကို ဝါးတောကြီးကျေးရွာအုပ်စု၊ ဖိုးကြာညိုကျေးရွာအနီးရှိ တောင်သူဦးထိန်ဝင်း၏ လယ်ယာ​မြေ၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါလွှမ်းခြုံနိုင်ရေး Booster(CoviShield)အား  ဆက်လက်ထိုးနှံ
Jul 22,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့နံနက် ၀၉:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့်စေတီတော်ဝင်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲကွင်းဆင်းဆောင်ရွက်
Jul 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ နယ်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ(၁)နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ကာန)တွင် အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
မကွေးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၁၆) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနားကျင်းပ
Jul 22,2022
မကွေးခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား (၆) မြို့နယ် အသက်(၁၆) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မကွေးခရိုင် အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြေပုံမြို့၊ အ ထ က (မြေပုံ)ကျောင်း၌ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jul 22,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နေ့လယ်(၁၂)နာရီ အချိန်က အ ထ က(မြေပုံ)ကျောင်း ဦးစိန္တာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ဘူတာလမ်းတွင် ဖျောက်ဆိပ်ပင်ကိုင်းပဲ့ကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ခုတ်ထွင်ရှင်းလင်းဖယ်ရှား
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့ အောင်မင်္ဂလာရပ်ကွက်၊ ဘူတာလမ်းပေါ်ရှိ ဖျောက်ဆိပ်ပင်ကြီးမှာ၊ ယနေ့မွန်းလွဲ(၁:၅၀)နာရီခန့်က မိုးရွာသွန်းပြီး လေပြင်းရိုက်ခတ်မှုကြောင့် သစ်ကိုင်းပဲ့ကျပြီး၊ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ရာ  ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ လာရောက်ရှင်းလင်းဖယ်ရှားခဲ့ကြကြောင်း သိရသည်။