နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဒက္ခိဏသီရိစက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 14,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိ စက်မှုဇုန်အတွင်းရှိလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက Myanmar News Power MotorCycle Co.,Ltd မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် MAYLP Agriculture Co.,Ltd စပ်မျိုးစပါးများ ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်းများသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ နေပြည်တော်ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့သည်။