ဒဂုံမြို့နယ်ရှိ ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Jun 14,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ယနေ့နံနက် ၉:၀၀ နာရီအချိန်မှ ၁၁:၄၅ နာရီ အချိန်ထိ ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ အလံပြဘုရားလမ်းနှင့် နဝဒေးလမ်းထောင့်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိကျောင်းသား ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ( Sinopharm) ထိုးနှံခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ရာ ဒဂုံမြို့နယ်အတွင်းရှိ ကျောင်းသား ၂၂၆ ဦး၊ကျောင်းသူ ၂၀၆ဦး၊ စုစုပေါင်း ၄၃၂ ဦး တို့အားထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၅ ဦး နှုန်းဖြင့် ၄၃၂ ဦး အတွက် ဆေးအလုံးရေ ၈၆.၄ လုံးအား ထိုးနှံပေးခဲ့သည်။