ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများစာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်
Jun 15,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် ဝန်ထမ်းများအရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လည်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်ရွှေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ဝေသည့် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများစာအုပ်ပါအခန်း(၈) ခွင့်ခံစားခြင်းနှင့်အခန်း(၉) ကူးပြောင်းချိန်ကာလသတ်မှတ်ချက်များအကြောင်းကို စာဖတ်ဝိုင်းဆွေးပွဲပြုလုပ်ခဲ့သည်။