မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းဆောင်ရွက်
Jun 15,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန်၊ မိဘများအတွက် ကလေးပြုစုပျိုးထောင်ရာတွင် အသိအမြင်ဗဟုသုတများရရှိစေရန်နှင့် လက်တွေ့ဘဝတွင် အသုံးချတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ လယ်တွင်သားစောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတက်မှ” စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။